32 C
Yangon

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပြန်သွားပြီ၊ “နွားပလာတာ ကျွေး” ၊”ကျွဲပါး စောင်းတီး” အောင်မြင်မှု မရှိသော ခရီးစဉ်ဟု နိုင်ငံရေး အသိုင်းအ၀ိုင်းက သုံးသပ်

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Noeleen Heyzer ဆိုင်းမဆင့် ဘုံမဆင့်ဘဲ ဩဂုတ်လ ၁၆ ရက်နေ့က မြန်မာ နိုင်ငံလာရောက်ခဲ့ပြီး ဩဂုတ် ၁၈ ရက်နေ့ ညနေပိုင်းတွင် ပြန်လည် ထွက်ခွာသွားသည်။

အထူးသံတမန်က ၎င်း၏ ခရီးစဉ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အကြမ်း ဖက်မှုများအားလုံး ချက်ချင်းရပ်ဆိုင်းရန်နှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီများ လိုအပ်နေသူများ ထံ ပေးနိုင်ရေး တောင်း ဆိုချက်၏ နောက်ဆက်တွဲ ခရီးစဉ် စတင်ခြင်းဖြစ် ကြောင်း၊ ခရီးစဉ်အတွင်း လက် ရှိ ပဋိပက္ခနှင့်ပတ်သက်၍ နယ်ပယ်အားလုံးမှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံမည်ဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။

ဩဂုတ် ၁၇ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်၊ အကြမ်းဖက်စစ်ကောင်စီမှ ၀ဏ္ဏမောင်လွင်၊ ဩဂုတ် ၁၈ ရက်နေ့တွင် အကြမ်းဖက် ရာပြည့်တို့နှင့် တွေ့ဆုံပြီး ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်း တွင် ပြန်လည် ထွက်ခွာသွားခြင်းဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Noeleen Heyzer ခရီးစဉ်သည် မအောင်မြင်သော ခရီးစဉ်ဟု ၈၈ တော်လှန် ရေး ရဲဘော်ဟောင်း ၊ နိုင်ငံရေးသမားတစ်ဦး သုံးသပ်သည်။

“နွား ပလာတာ ကျွေးပြီး ပြန်သွားပြီ။ ကျွဲပါး စောင်းလာတီးသွားတာ။ အပြင်း အထန် စိတ်လှုပ်ရှားပြီး ပြန်သွားရမှာပါ။ သူရဲ့ ပူပန်စာ ကို စောင့်မျှော် ဖတ်ရှုရ အောင် ပါ” ဟု အဆိုပါ နိုင်ငံရေးသမားက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်၊ ၀ဏ္ဏမောင်လွင်တို့နှင့် နှုတ်ဆက်နေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Noeleen Heyzer ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article