36 C
Yangon

မြိုင်မြို့နယ်၊ တွင်းမကျေးရွာ ပျူစောထီးစစ်စခန်းကို PDF မဟာမိတ်တပ်များ ပူးပေါင်း တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၃၈ ဦးသေဆုံးပြီး PDF ၃ ဦးကျဆုံး၊ ဘုတလင်တွင် စစ်ကြောင်းမိုင်းဆွဲခံရပြီး ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၇

မကွေးတိုင်းမြို့နယ်၊ တွင်းမကျေးရွာရှိ ပျူစောထီးစစ်စခန်းကို PDF မဟာမိတ်တပ်များ ပူးပေါင်း တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၃၈ ဦးသေဆုံးပြီး PDF ၃ ဦးကျဆုံး ကြောင်း မြိုင်မြို့ နယ်ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၆ ရက်နေ့ နံနက် ၅ နာရီ ၂၅ မိနစ်အချိန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊(တပ် ရင်း၁)က ဦးဆောင်၍ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PPDF) ၊ 3 in1တပ်ဖွဲ့၊ မိုးပျံ ရပ်ကျေး ပခက၊ ပုံတောင်ညီနောင်တပ်ဖွဲ့၊မကွေးPDF၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ MUGDF တပ်ဖွဲ့ ၊ West Ayeyar Guerilla Force ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တွင်းမ ပျူစော ထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

PDF မဟာမိတ်များ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၃၄ ဦး ပွဲချင်းပြီး သေဆုံးပြီး စစ်ကူလာသော စစ်ကြောင်းကိုလည်း လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ ဆိုင်ကယ် ၇ စီးတွင် ၃စီးမှာ နေရာတွင် ပျောက်ထွက်သွားကြောင်း၊ အခြား ဆိုင်ကယ် ၄ စီး မှာ အော်ဟစ်ကြောက် လန့်ထွက် ပြေးကြောင်း၊ ထွက်ပြေးသွားသော ဆိုင်ကယ် ၄ စီးကို ပစ်ခတ်ရာ ၂ စီးသာ လွတ်သွားပီး တွင်းမ စာသင် ကျောင်းထဲ ဝင်သွားခဲ့ကြောင်း သိရှိရသည်။

တွင်းမကျေးရွာစခန်းကို သိမ်းနိုင်ရန် ကြိုးစားသော်လည်း လေကြောင်း၊ မြေပြင် စစ်ကြောင်းတို့ စစ်ကူလာ၍ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲတွင် ပြည်သူ့ ရဲဘော်၃ ဦး မြင့်မြတ်စွာ ကျဆုံး ခဲ့ရပြီး ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ပျုစောထီး ခေါင်း ဆောင်၊ ပခုက္ကူ ခလရ-၂၅၉ မှ စစ်သား ၅ ကောင် အပါအဝင် ၃၈ ဦးသေဆုံးကြောင်း ၊ ဒဏ်ရာရရှိသူ ၂၇ ဦး ပခုက္ကူဆေးရုံကြီး ပို့ဆောင် ဆေးကုသနေကြောင်း သိရှိရသည်။

တိုက်ပွဲသည် နံနက် ၅ နာရီ ၂၇ မိနစ်မှ နံနက် ၆ နာရီ ၄၁ မိနစ်အထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲ ကုန်ကျစရိတ်မှာ သိန်း ၈၀၀ ခန့်ကုန်ကျခဲ့ကြောင်း၊ မိဘပြည်သူများ၏ ကူညီထောက်ပံ့မှု ကြောင့် ယခုလို တိုက်ပွဲများ ဖော်ဆောင်နိုင်ခြင်းဖြစ်ကြောင်း၊ တတ်နိုင်သည့်ဘက်မှ ဆက်လက် ကူညီ ထောက်ပံ့​ကြရန် မေတ္တာရပ်ခံအပ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ဘုတလင်-မုံရွာ ကားလမ်းပေါ် ယနေ့ နံနက် ၅ နာရီအချိန် စစ် ကောင်စီတပ်နှင့် ကနောင် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ၂ နေရာ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း ကနောင် ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက ပြောဆိုသည်။

“မနက်ခင်း အစောကြီး နမခ စစ်တပ်ကနေ ကြို့ပွိုင့်ကာရအောင်လို့ အရင်ထွက်လာတဲ့ ‌စစ်ခွေးတွေကို ပိုးကုန်းရွာအနီးမှာ မိုင်းဆွဲခဲ့တယ်။ ၃ယောက်ကတော့ နေရာတင် သေတယ်။ အဲဒါလည်း အတိုင်း သား မြင်လိုက်ရတယ်။ သေသွားတဲ့ကောင်တွေ လေပေါ်ကားကားလေးတက်သွားတယ်။ အဲဒီလိုမိုင်းမိပြီး တစ်ချို့စစ်သားတွေက လာရာလမ်းအတိုင်း အလောင်းပြန်ပို့တယ်။ တချို့စစ်သားတွေက ဘုတလင် -မုံရွာ လမ်းအသုံးပြုကောက်ခံတဲ့ တိုးဂိတ်ဘက်ဆက်ထွက်လာတယ်။ အဲဒီလိုထွက်လာတဲ့ ကောင် တွေကို ဒုတိယပွိုင့်ကနေထိုင်စောင့်နေတဲ့ သူတွေက ထပ်မိုင်းဆွဲတယ်။ စစ်ကောင်စီတပ်သား၂ ဦးထပ် သေဆုံးတယ်။” ဟု ကနောင်ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက ဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- CJ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article