32 C
Yangon

မြောက်ဥက္ကလာ ၂ ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူး သောင်းဒန် ပစ်ခတ်ခံရပြီး သေဆုံး၊ ကျန်ရာအိမ်မှူးများ ကြောက်လန့်နေကြ

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြိုနယ်၊ အမှတ် ၂ ရပ်ကွက်၊ သုမာလာ ၈ လမ်း တွင် ယနေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် စစ်ကောင်စီခန့် ရာအိမ်မှူး သောင်းဒန် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

သောင်းဒန်နှင့်ဇနီးဖြစ်သူတို့ လမ်းလျှောက်နေစဉ် အမည်မသိ ၃ ဦးက သေနတ် ဖြင့် ဦးခေါင်းကို တေ့ပစ်ခြစ်ဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ စစ်တပ်နှင့်ရဲများ ရောက်ရှိလာပြီး အလောင်းကို ဆေးရုံတင်ပို့ကာ မြောက်ဥက္ကလာ ၂ ရပ်ကွက်ကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

“မြောက်ဥကလာ ၂ ရပ်ကွက်ထဲမှာအခုမနက် ရာအိမ်မှူး သောင်းဒန် နားထင်သေနတ်နဲ့ တေ့ပစ်ခံရတယ်။ သူက စစ်တပ်သတင်းပေးလုပ်တာ။ ဆေးရုံကားနဲ့ ခေါ်သွားတယ်ပြောတယ်။ ဒီရပ်ကွက်မှာ ရာအိမ်မှူး ၄ ဦးရှိတယ်။ နောက် ၃ ဦးကတော့ ယောက်ယက်ခတ်နေကြပြီ ကြောက်နေကြတာ။ သောင်းဒန်က နားထင် တေ့ပစ်ခံရတော့ သေဖို့ ရာနှုန်းပြည့်လို့ ပြောတယ်။ ရဲနဲ့ စစ်တပ်တွေ ပတ်နေတယ်။ သုမင်္ဂလာ ၁၀ လမ်းထိမှာလည်း ရဲတွေ စောင့်နေကြတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ယခုနှစ် ဇန်နဝါရီလ မြောက်ဥက္ကလာမြို့နယ် ၂ ရပ်ကွက်ရုံး ဗုံးပေါက်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article