34 C
Yangon

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင် ၄၀ စစ်ကောင်စီတပ်စခန်းကို သိမ်း ပိုက်ရရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ၊ ပလက်၀တွင်လည်း စစ်သား ၁၀ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ် ၄၀ ရှိ စစ်ကောင်စီတပ်စခန်းကို AA က ယနေ့ သိမ်းပိုက်ရရှိပြီး ၁၉ ဦးသေဆုံးကာ လက်နက်များ သိမ်း ဆည်းရမိကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ အဆိုပါစခန်း ပတ်ဝန်းကျင်၌ တိုက်ပွဲများစတင်ဖြစ်ပွားနေခဲ့သည်မှာ သြဂုတ်လ (၂) ရက်နေ့ကတည်းကပင် ဖြစ်ပြီး အဆိုပါနေရာအပါအဝင် ပလက်ဝဒေသနှင့် အခြားနေရာများ ၌ ရက်ဆက်တိုက်ပွဲများဖြစ်ပွားကာ ယခုဆိုလျှင်တစ်လနီးပါးအထိကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊
နယ်စပ်မိုင်တိုင် အမှတ် (၃၇) မှ မိုင်တိုင် (၄၀) ပတ်ဝန်းကျင်အပြင် ဝေလာတောင်တန်းပေါ်တွင် အပြန်အလှန် ပိတ်ဆို့ ထားကြကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သည် တစ်ရက်လျှင် လက်နက်ကြီး အရေအတွက် ခန့်မှန်း (၃၀၀/၄၀၀) ကို ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် (၃၄)၊ (၃၈)၊ နခခ (၇) ကြိမ်ချောင်းဗျူဟာ၊ မိုင်တိုင်အမှတ် (၃၈) နှင့် (၃၉) အကြားနေရာများ အပါအဝင် အနီးအနားရှိ ၎င်းတို့၏ တပ်စခန်းများမှ လက်နက်ကြီးများကို နေ့တိုင်းနီးပါး ပစ်ခတ် တိုက်ခိုက်နေသည့်အပြင် ယခုရက်များအတွင်း ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေခဲ့ကြောင်း၊ သို့ရာတွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ မိုင်တိုင်အမှတ် ၄၀ အနီးရှိ အဆိုပါ အထိုင်ချ အခိုင်အမာစခန်း အား လက်တုံ့ပြန်သည့်အနေဖြင့် ယနေ့တွင် မိမိတို့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နံနက် (၉) နာရီ (၁၂) မိနစ်တွင် စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း၊ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် အပြစ်မဲ့ အရပ်သားပြည်သူများကို စစ်တပ်က သတ်ဖြတ်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) စခန်းအား မိမိတို့မှ ယခုကဲ့သို့ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုင်တိုင်အမှတ်(၄၀) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိပြီး လောလောဆယ် အသက်မသေသေးသော ဒုတပ်ကြပ် သက်ကိုဦး တစ်ယောက်မှလွဲ၍ “ရဲအုပ် စိုးစိုးပိုင်” အပါအဝင် စုစုပေါင်း (၁၉) ယောက်သေဆုံးခဲ့ပြီး လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ယခင်ရက်များအတွင်း၌ ဤစခန်းအတွင်းမှ သေဆုံးသူများအား စခန်း အတွင်းမြှုပ်နှံထားသော အလောင်းအမြောက်အမြားကိုလည်းတွေ့ရှိရကြောင်း၊ AA ဘက်ကလည်း စခန်းသိမ်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထား သည်။

ထိုအတူ သြဂုတ်လ ၃၁ ရက်၊မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦး မျက်မြင်ကျဆုံးခဲ့ကြောင်း ဆက်လက် သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article