37 C
Yangon

ရန်ကုန်မြို့လယ်ခေါင် ၃၇ လမ်းအနီးတွင် ဗုံးပေါက်ကွဲ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာနှင့်မင်္ဂလာဒုံတို့တွင်လည်း ဗုံးပေါက်ကွဲသံနှင့် ပစ်ခတ်သံများကြားရ

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

ရန်ကုန်မြို့လယ်ခေါင် ၃၇ လမ်းအနီးတွင် ယနေ့ည အလွန်ပြင်းသည့် ဗုံးတစ်လုံး ပေါက်ကွဲသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုကြသည်။

ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ယမ်းနံ့များနှင့် တိုက်ပါတုန်သွားသည်ကို ခံစားရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ပန်းဆိုးတန်းနဲ့ မြို့တော်ခန်းမအနားကနေ အသံအရမ်းကျယ်တယ်။ ယမ်းနံ့ တွေ မွှန်နေတာပဲ။ ၃၇ အလယ်လမ်းထိပ်ပေါက်တယ်ပြောတယ်။ ကျောက်တံ တား ထဲပါမှာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ည ၁၀ နာရီ ၂၅ မိနစ်အချိန် မြောက်ဥက္ကလာပ ဝေဘာဂီမြို့သစ်နှင့် မင်္ဂလာဒုံနားတွင် ပေါက် ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ် ခဲ့ကြောင်း သိရှိ ရသည်။

“တစ်မြို့နယ်လုံးကို ဟိန်းထွက်နေတာဘဲ အသံက တော်တော် အားပြင်းတယ်။ ဗုံးသံလိုလို မမ အဝေးပစ် ဒုံးသံလိုလိုပါ။ရှော့တိုက် ဒုံးဖြစ်နိုင်တယ်။ ဗုံးသံနဲ့ မတူ ဘူး။ အသံက အရမ်းကျယ်တယ်” ဟု မြောက်ဥက္ကလာပ ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် အလုံမြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်သံ ၇ ချက်ခန့်ကြားရကြောင်း သိရှိရသည်။

“အလုံ ဆင်မင်းဈေးနဲ့ ငုဝါလမ်းမှာ ခုနက ၁၁နာရီလောက်က စခတွေ ပစ် နေ တယ်။ ဆင်မင်းဈေးလမ်းနဲ့ ငုဝါလမ်းထောင့်က တိုက်ကိုပစ်တာ ၅လွှာ / ၆လွှာ ကို ပစ်တာ ဝင်ဖမ်းနေတာထင်တယ်။ တဖြောင်းဖြောင်းနဲ့ ၈-၉ချက် လောက် ရှိတယ်။ ခုထိမပြန်ကြသေးဘူး။ လမ်းဆုံမှာပဲ” ဟု အလုံမြို့နယ်မှ ဒေသခံ တစ် ဦးက ပြေသည်။

ထို့ပြင် ရွှေပြည်သာမြို့နယ်တွင်လည်း ယနေ့ ဗုံးပေါက်ကွဲသံကြားရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့ ညမြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article