34 C
Yangon

ရေဖြူနှင့် ကန့်ဘလူတွင် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ၊ အမျိုးသမီးကြီး ၂ ဦး စုစုပေါင်း ပြည်သူ ၃ ဦးကို စစ်တပ်က သတ်ဖြတ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

တနသ်ာရီတိုင်း ၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကလုံးထာရွာတွင် တပ်စွဲထားသောအကြမ်းဖက်စစ်တပ်က ဩဂုတ်လ ၁၆ ရက်နေ့တွင် အသက် ၁၉ နှစ်အရွယ် ကိုသန့်ဇင်ထွေးကို ညှဉ်းပန်းနှိပ်စက်ပြီး လူမဆန်စွာ ပစ်သတ်ခဲ့ကြကြောင်း ဒေသသတင်းရင်းမြစ်Dawei Information Center ထံမှ သိရှိရသည်။

သြဂုတ် ၁၆ ရက်နေ့ ၊ ညနေ(၄)နာရီခွဲခန့်တွင်ကိုသန့်ဇင်ထွေး အသက်(၁၉)နှစ်အရွယ်ဆိုသူစာသင်ကျောင်းလမ်းမှ ဖြတ်သတ်းစဉ် စစ်တပ်က အကြောင်းမဲ့သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်

“စာသင်ကျောင်းထဲမှာအဲနေ့က စခတွေတပ်စွဲထားတယ်။ သူလည်းမသိလို့အဲရှေ့က​နေဖြတ်သွားတာပစ်ခံလိုက်ရပါ တယ်။သေဆုံးသူ၏ အလောင်းတော့ပြန်မရသေးဘူး”ဟု ၎င်းကပြောသည်။

သတ်ဖြတ်သော စစ်တပ်သည် သြဂုတ် ၁၄ ရက်၊နံနက်ပိုင်းမှစတင်၍ ကလုံးထာရွာအနီးကို စစ်တပ်က အင်အား (၁၅၀)ဝန်းကျင်ခန့်ရောက်ရှိလာပြီးတော နင်းရှာဖွေ၍ကျေးရွာအတွင်းတပ်စွဲခဲ့ကြောင်း၊ ယင်းနောက် ယနေ့နံနက်ပိုင်းကတပ်စွဲထားသောဖက်ဆစ် တပ်(၁၀၀)ဝန်းကျင် မြေးခန္တီရွာဖက်သို့ဦးတည်ရှေ့ဆက်သွားပြီး ကလုံးထာရွာမှာ အင်အား(၄၀)ခန့်ကင်းချထားခဲ့ကြောင်း၊ ယင်းနောက် သတ်ဖြတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်က ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်း လက်နက်ကြိးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် ကိုးတောင်ဘို့ဘူတာအနီး ဘူတာတန်းမှနေအိမ်တစ်အိမ်ပေါ်ကျကာ အမျိုးသမီးကြီးနှစ်ယောက်သေဆုံးခဲ့ကြောင်း Kotaungbo Revolution KTB-Rထံမှ သိရှိရသည်။

ဓာတ်ပုံ- ရေဖြူမြို့နယ်တွင် စစ်တပ်၏ သတ်ဖြတ်ခံရသော အသက် ၁၉ နှစ်အရွယ် ကိုသန့်ဇင်ထွေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article