36 C
Yangon

လူမိုက်က မအလ အဖော်က ရုရှား ( အပိုင်း ၃)

Must read

By အီဂေါဗလာဇီဗစ်

နောက်မေးခွန်းတခုကတော့ ရုရှားနဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ နက်ရှိုင်းလာ နေတဲ့ ဆက်ဆံရေးကနေ ဘယ်လိုအကျိုးသက်ရောက်မှု ရှိလာမလဲ ဆိုတာပါ။

မြန်မာစစ်အာဏာရှင်တွေ သိသိသာသာတော့ အားနည်းလာနေပါပြီ။ အရင်က ဆီးရီးယားသမ္မတ အာဆတ်တော့ကျရှုံးဖို့ပဲ ရှိတော့တယ်လို့ တွေးရတဲ့ အချိန် မျိုး လို မြန်မာစစ်တပ်လဲ ရှုံးဖို့နီးတဲ့ အခြေအနေပါ။ အဲဒီတုန်းက ဆီးရီးယားမှာ ရုရှားသမ္မတပူတင် ဝင်ပါလာပြီး စရိတ်ကြီးကြီးနဲ့ အာဆတ်ကို အသက် ဆက် ပေးတယ်။

ဆီးရီးယားနိုင်ငံတဝက်ကျော်ပျက်ဆီးတာ၊ ပြည်သူ ၁၃ သန်း ( နိုင်ငံ့လူဦးရေ တဝက်ကျော်) ဒုက္ခသည် ဖြစ်ခဲ့ရတယ်။ ပူတင်နဲ့ လာဖ်ရော့တို့ ဆီးရီးယား သမ္မတ အာဆတ်ပြုတ်မကျအောင် လုပ်ပေးနိုင်ခဲ့တာက ကျင့်ဝတ်တွေ စံနှုန်း တွေ ဘေးဖယ်ပြီးရာဇဝတ်မှုတွေ ရဲရဲတင်းတင်း လုပ်ခဲ့တာကြောင့်သာ မဟုတ် ပါဘူး။

အာဖဂန်နစ္စတန်၊ အီရတ်နဲ့ လစ်ဗျားမှာ ရလာဒ်ဆိုးခဲ့တဲ့ ပါဝင်ပတ်သက်မှု အတွေ့ အကြုံတွေကြောင့် အမေရိကန်သမ္မတအိုဘားမားနဲ့ အနောက် ဒီမိုက ရေစီ နိုင်ငံတွေဆီးရီးယားကို ကူဖို့ စိတ်မပါတာကြောင့်လည်း ပါပါတယ်။

အခုဖြစ်နေတဲ့ မြန်မာစစ်အာဏာရှင်နဲ့ ရုရှားကြားက အနေအထားဟာလည်း အလားတူပါပဲ။ လက်ရှိအခြေအနေအတိုင်းဆိုရင် မြန်မာစစ်အာဏာရှင်တွေ ပြိုကျဖို့ပဲရှိပါတယ်။

စစ်တပ်ဟာ အသက်ရှင်ဖို့ အသည်းအသန်လုပ်နေရပါတယ်။ ဒါပေမဲ့ ရှုပ်ထွေး လွန်းပြီး မှန်းဆမရတာကြောင့် အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေက ဝင်ပါဖို့ လက်တွန့်နေတယ်။ အနောက်အုပ်စုနဲ့က နေရာဒေသ ဝေးကွာလှတဲ့အပြင် သူတို့ ကိုယ်တိုင်လည်း ပြဿနာအကြီးကြီးတွေ ( ယူကရိန်းစစ်ပွဲ၊ စီးပွါးရေး အကျပ် အတည်း၊ ရာသီဥတုဘေး) နဲ့ လုံးပမ်းနေရတယ်။

အနောက်တိုင်းနဲ့ မြန်မာနဲ့ကနယ်နမိတ်ချင်းလည်း မထိစပ်၊ ပထဝီနိုင်ငံရေး အကျိုးစီးပွါးလည်း သိသိသာမရှိလှဘူး။ ရုရှားဟာ မြန်မာပြည်မှာဝင်ပါပြီး အာဏာရှင် အသက်ရှည်အောင်လုပ်ပေးဖို့ အသင့်ပဲ။ သူ့အတွက်က အရှေ့ တောင်အာရှမှာ ပထဝီနိုင်ငံရေးခြေကုတ် ရနိုင်မဲ့ လမ်းဖြစ်တာကိုး။

ရုရှားဟာ ကျဆင်းနေတဲ့ အင်အားကြီးနိုင်ငံပါ။ သူစတဲ့ ယူကရိန်း ကျူးကျော် စစ်မှာ လည်း ရှုံးနေတဲ့ နိုင်ငံကြီးပါ။ ရုရှားခေါင်းဆောင်တွေဟာ အောင်မြင်မှု သေးသေးလေးတွေ ဘယ်နေရာက ရရ အသည်းအသန်လိုချင်နေကြတယ်။

စိတ်ပျက်စရာက တရုတ်ပါ။ စစ်အာဏာရှင်တွေ ပြုတ်မကျရေးအတွက် ရက် စက် မှု၊ အကြွင်းမဲ့ အကြမ်းဖက်မှု၊ အကန့်အသတ်မဲ့ ဖျက်ဆီးမှု စတဲ့ အောက် တန်း ကျပက်စက်တဲ့ နည်းတွေသုံးဖို့ ရုရှားက ကူညီနေတာကို တရုတ်က ပေး လုပ် ထားတယ်။

သူ့ရဲ့ စီးပွါးရေးနဲ့ ပထဝီနိုင်ငံရေးအောက်မှာ မြန်မာပြည်လှုပ်မရပဲ ပါလာမျိုး ကို တရုတ်ကလိုချင်တယ်။ တပြိုင်ထဲမှာ မြန်မာပြည်သူတွေ သူ့ကို လိုလား တာမျိုး ( အပျော့ထည် ပါဝါ) ကို တရုတ်က လိုချင်တယ်။ ဒါ့ကြောင့် တရုတ်ဟာ စစ်အာဏာရှင်တည်မြဲဖို့ စည်းလွတ်ဘောင်လွတ်နည်းတွေနဲ့ ကူညီတာမျိုး လက် ရှောင်နေတယ်။

မြန်မာပြည်မှာက တရုတ်စီးပွါးရေး၊ အခြေခံအဆောက်အဦး၊ စွမ်းအင်စီမံကိန်းနဲ့ တရုတ်နိုင်ငံသားတွေ အများကြီး နေရာယူထားတယ်။ မြန်မာပြည်သူတွေ တရုတ် နိုင်ငံသားတွေကို မမုန်းစေချင်ဘူး။ မင်းအောင်လှိုင် အာဏာမြဲဖို့ ရုရှားက စည်းလွတ်ဝါးလွတ်ကူမယ်ဆိုလည်း တရုတ်အတွက်က အေးဆေးပဲ။

မြန်မာပြည်မှာ တရုတ်အရိပ်က ကြီးပြီးသား။ နေရယူထားတာတွေ အများ အပြားရှိပြီးသား။ ရုရှားပူတင်ကယ်လို့ မင်းအောင်လှိုင် နိုင်သွားလည်း စီးပွါးရေး နဲ့ ပထဝီနိုင်ငံရေး အကျိုးအမြတ်ကို တရုတ်က ရမှာပဲ။

အရေးကြီးတာက မင်းအောင်လှိုင်နိုင်ဖို့ ရုရှားက ဝင်လုပ်ပေးနေတာကို အာဆီ ယံ ( အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ)၊ဂျပန်၊ ဩစတေးလျ၊ တောင် ကိုရီးယား၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ နိုင်ငံတွေက ဘယ်လို တုန့် ပြန် မလဲဆိုတာပါ။

မြန်မာပြည်အရေးမှာ ရုရှားရဲ့ အောက်တန်းကျကျ ပါဝင်ပတ်သက်မှု အကျိုး ဆက်က ဘယ်လိုရှိမလဲဆိုတာက ရုရှားနဲ့ မြန်မာစစ်အာဏာရှင်တွေမှာသာမက တခြားနိုုင်ငံတွေက ဘယ်လောက်လွှတ်ပေးထားမလဲဆိုတဲ့ အပေါ်မှာလဲ မူတည်ပါတယ်။

ပြောခဲ့သလိုပဲ ပူတင်နဲ့ လာဖ်ရော့ဟာ အခွင့်အရေးသမားတွေပါ။ သူတို့ဟာ လေဟာ နယ်ရှိရင် အတင်းနေရာဝင်ယူမဲ့ သူတွေပါ။ တခြားနိုင်ငံတွေကသာ ပြတ်ပြတ်သားသားရင်ဆိုင် တွန်းကန်ပေးရင် သူတို့မှာ ထင်ရာလုပ်နိုင်တဲ့ အင်အား နဲ့ ရင်းမြစ်မရှိပါ။

ရုရှားတွေပိုပြီး ပါလာကတည်းကတော့ မြန်မာပြည်ဟာ ဆီးရီယား လမ်း ကြောင်း ဘက်ရောက်လာတာ သိသာလာပါတယ်။ မြန်မာ့အိမ်နီးချင်းတွေ ဒါကို နားလည်သင့်ပါတယ်။ မအလရဲ့ ပြည်သူအပေါ်အကြမ်းဖက်စစ်ပွဲမှာ ရုရှားရဲ့ အကူအညီကို လွတ်ပေးထားမယ်ဆိုရင် အိုးပျက် အိိမ်ပျက် စီးပွါးပျက် လူ ၁၀ သန်းလောက် အစုအပြုံလိုက် နေရပ်စွန့်ခွါ ထွက်ပြေးရပါတော့မယ်။

သတ်ဖြတ်ရက်စက်မှုတွေကို လက်ပိုက်ကြည့်နေပြီး ဘယ်သူကမှ အရေး မလုပ်တာနဲ့ ကြုံရတဲ့ အသည်းအသန် ပြည်သူတွေအတွက်က အစု လိုက် စွန့်ခွာတာဟာ နောက်ဆုံးရွေးချယ်စရာ တရားဝင်ဗျူနည်းလမ်းပါ။

ရုရှားဟာ သန်မာတဲ့ အင်အားကြီးနိုင်ငံပုံဖမ်းတယ်။ တကယ်မှာတော့ အားမ ကြီးပါဘူး။ စည်းလွတ်ဘောင်လွတ်ရက်စက်ရိုင်းစိုင်းတာကပဲ သူရဲ့တခု တည်း သော အားသာချက်ပါ။ ရုရှားလို ပရမ်းပတာနိုင်ငံက အရှေ့တောင်အာရှရဲ့ ပထဝီ အချက်အချာ အကျယ်အပြန့်နိုင်ငံတခုမှာ ခြေကုတ်ရသွားမယ်။

မအလလို ပင်ကိုယ်ကကို ချိနဲ့အားနည်း၊စိတ်ကူးအမြင်ရူးကြောင်နေသူတဦးက အာဏာဆက်မြဲပြီး တိုင်းပြည်ကို နှိပ်စက်ဖျက်ဆီးနေမယ် ဆိုတာမျိုးက ဘယ် အာရှ နိုင်ငံအတွက်မှ ကောင်းကျိုးမရှိပါဘူး။ တရုတ်နိုင်ငံ အတွက်ကို တောင် အကျိုး မရှိပါဘူး။

မြန်မာတော်လှန်ရေးသမား လူရာဂဏန်းလောက်အတွက် ပခုံးထမ်း ဒုံးစနစ် လေး သာရှိပါစေ။ မီးလောင်ပျက်ကျလာမယ့် ရုရှားရဟတ်ယဉ်တွေ တိုက်လေ ယဉ်တွေနဲ့ အတူ ရုရှားရဲ့ အဆိုးအပျက် ဩဇာလွှမ်းမှုတွေ သက်ရောက်မှုတွေ ပျောက်သွားမှာပါပဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article