28.6 C
Yangon

အကြမ်းဖက်စစ်တပ်က မြဝတီ-ဝေါလေကားလမ်း သုံးထပ်ကွေ့အနီးသို့ အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း မည်သည့်နေရာကိုမှ မသိမ်းနိုင်ဘဲ စစ်သား သေဆုံးထိခိုက်မှု များပြား

Must read

ရန်ကုန်၊ ဩဂုတ် ၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ မြဝတီ-ဝေါလေကားလမ်း၊ သုံးထပ်ကွေ့အနီးဝန်းကျင်နေရာများသို့ အကြမ်းဖက်စစ်တပ်၏ တပ်မ ၄၄၊ နည်းဗျူဟာစစ်ဆင်ရေး နဗဟ ၄၄၁ လက်အောက်ခံတပ်များသည် ဖလူးဘက်မှတဆင့် ခြေလျင် ထိုးစစ်ဆင်လာသဖြင့် KNLA ပူးပေါင်းတပ် ကော်ဘရာစစ်ကြောင်းနှင့် ယနေ့ ဩဂုတ်လ ၂ ရက်နေ့တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင်လည်း အကြမ်းဖက်စစ်တပ်သည် YAK 130 တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ကော်ဘရာတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ ဩဂုတ်လ ၁ ရက် နံနက် ၉ နာရီမှ စတင်ကာ သုံးထပ်ကွေ့အနီးဝန်းကျင်နေရာများသို့ စစ်ကြောင်းထိုးခဲ့သော်လည်း အသေအဆုံးများစွာဖြင့် ဆုတ်ခွာသွားကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ဩဂုတ် ၁ ရက်နှင့် ၂ ရက်တိုက်ပွဲများတွင် အကြမ်းဖက်စစ်သား သေဆုံးမှုများပြားပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ စစ်ကောင်စီတပ်သည် သုံးထပ်ကွေ့အနီးဝန်းကျင်သို့ ဇူလိုင်လ ၇ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင်နေခဲ့သော်လည်း မည်သည့်နေရာကိုမျှ မသိမ်းပိုက်နိုင်သေးဘဲ စစ်ကြောင်းဖွဲ့စည်းပုံပျက်ကာ ဆုတ်ခွာထွက်ပြေးခြင်းများ၊ CDM ပြုလုပ်ခြင်းများ ရှိနေကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – သုံးထပ်ကွေ့တွင် အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်နေသော ကော်ဘရာ တပ်ဖွဲ့ဝင် ၁ ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article