26 C
Yangon

ဟုမ္မလင်းမြို့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်နေရ

Must read

ရန်ကုန်၊ သြဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒ ပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို စစ်တပ်က သြဂုတ်လ ၁ ရက်နေ့ မန္တလေးမြို့တွင် ဖမ်းဆီးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။

ဟုမ္မလင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ၄င်းသည် မန္တလေးမြို့ ဆေးခန်းတစ်ခုတွင် ဆေးကုသရန်စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုကျော်ဝင်းစိန်သည် မည်သည့်ပြစ်မှုမှ ကျူးလွန်ခဲ့ခြင်းမရှိဘဲ ပြည်သူတို့၏ ဆန္ဒအရ သပိတ်ခေါင်းဆောင်ဖြစ်ကြောင်း၊ ကိုကျော်ဝင်းစိန်ကို ယခုကဲ့သို့မတရားဖမ်းဆီးချုပ်နှောင်မှုကို ပအဖအနေဖြင့် ကန့်ကွက်ရှုံ့ချပါကြောင်းနှင့် ကိုကျော်ဝင်းစိန်ကို စိတ်၏ညှည်းပမ်းနှိပ်စက်ခြင်း ၊ နှိပ်စက်ညှင်းပမ်းခြင်းများပြုလုပ်ခဲ့မည်ဆိုလျှင် ပြုလုပ်သူတို့ တာဝန်ခံရမည်ဖြစ်ကြောင်း ဟုမ္မလင်းပအဖက ထုတ်ပြန်သတိပေးထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မတရားဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ကိုကျော်ဝင်းစိန်ကို သြဂုတ်လ ၂ ရက် ( ယနေ့ )မှာ မန္တလေးလေဆိပ်မှတစ်ဆင့် ဟုမ္မလင်းမြို့ စစ်ကြောရေးတစ်ခုသို့ ပို့ဆောင်ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဟုမ္မလင်းမြို့ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်သည် SNA ( ရှမ်းနီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ) နှင့် မကြာခဏဆိုသလို နိုင်ငံပွတ် တိုက်မှု ရှိခဲ့သူဖြစ်သည်။

ယမန်နှစ် အောက်တိုဘာလ ၂၄ ရက်နေ့ ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်တွင် နေထိုင်သည့် ကိုကျော်ဝင်းစိန်၏ မရီးဖြစ်သူ စစ်အာဏာရှင်ဖီဆန်ရေး CDM ကျောင်းဆရာမဖြစ်တဲ့ မမေနှင်းအေးကို အမည်မသိ လက်နက် ကိုင်သေနတ်သမားသုံးဉီးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ရသည်။

Photo- ဟုမ္မလင်းမြို့ ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article