34 C
Yangon

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ၏ ထိုင်ဝမ်နိုင်ငံ ခရီးစဉ်ကို တရုတ်က စာအရှည်ကြီးထုတ်၍ ကန့်ကွက်၊ ထိုင်ဝမ်နိုင်ငံအနီးတွင် တရုတ်စစ်ရေးလေ့ကျင့်မည် ၊ ထိုင်ဝမ်ရေလက်ကြားသို့ တရုတ်တိုက်လေယာဉ်များ စေလွှတ်လိုက် သည်ဟု တရုတ်အစိုးရ ကြေညာမှု နောက်ဆက်တွဲ ထပ်မကြေညာတော့

Must read

ရန်ကုန်၊ ဩဂုတ် ၂

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ၏ ထိုင်ဝမ်နိုင်ငံ ခရီးစဉ်ကို တရုတ်က စာအရှည်ကြီးရေး၍ ကန့်ကွက်လိုက်ပြီး ထိုင်ဝမ်နိုင်ငံအနီးတွင် တရုတ်စစ်ရေးလေ့ကျင်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ခရီးစဉ်သည် တရုတ်-အမေရိကန်ဆက် ဆံရေးကို ပျက်စီးစေပြီး သဘောတူညီထား‌သော တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အစရှိသည်ဖြင့် ဆန့်ကျင်ကြောင်း၊ ကန့် ကွက်ကြောင်း၊ ရှုတ်ချကြောင်း အကြောင်းအရာများကို ရှည်လျားစွာ ရေးသားဖော်ပြထားသော ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ်နိုင်ငံအနီးတွင် ဩဂုတ်လ ၄ရက်နေ့မှ ၇ ရက်နေ့အထိ စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်းကိုလည်း ကြေညာသွားပြီး ထိုင်ဝမ်ရေ လက်ကြားသို့ တရုတ်တိုက်လေယာဉ်များ စေလွှတ်သည်ဟု ကြေညာမှုမှာလည်း နောက်ဆက်တွဲအဖြစ် တရုတ်အစိုးရက သတင်းထပ်မံ ဖော်ပြခြင်းမပြုတော့ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article