32 C
Yangon

ရေဖြူ၊ ချောင်းဦးနှင့်မြိုင်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သားအများအပြားသေဆုံးဟုဆို

Must read

ရန်ကုန်၊ သြဂုတ် ၂

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့်မကွေးတိုင်းမြိုင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ် ပွားပြီး စစ်သား ၅၄ ဦးသေဆုံးကြောင်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဝက်ချောင်းရွာ တံတားအနီး အကြမ်းဖက် စစ် တပ် ယာဥ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၃၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံးခဲ့ကြောင်း Dawei Guerrilla Revolutionary Force (DGRF) တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ်တန်းတွင် Vigo ကား ၄ စီး၊ မြေသယ်ကား ၁ စီးပါဝင်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက်ခိုက် ခဲ့သောကြောင့် ယာဥ်တန်း နောက်ဆုံးမှ လိုက်ပါလာသော Vigo ကား ၁ စီးနှင့် မြေသယ်ကား ၁ စီး ထိမှန်ကာ နေရာတွင်ပင် ထိုးရပ်သွားချိန်၌ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ၄၀ မမ၊ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သောကြောင့် ၈ မိနစ်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦးခန့်သေဆုံးသည်ကို သြဂုတ်လ ၁ ရက်နေ့ အတည် ပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း Vigo ကား ၅ စီးနှင့် မြေတင်ကား ၂ စီးပါသော ယာဥ်တန်းကို သဗြေဇွန်းရွာအနီးတွင် အဝေးထိန်း မိုင်းဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့သော်လည်း နည်းပညာချို့ယွင်းမှုကြောင့် ထိချက်လွဲကာ ယာဥ်တန်း လွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Dawei Guerrilla Revolutionary Force -DGRF၊ Launglone People Defence Force – LLPDFနှင့် T-PDF တို့ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ခမောင်းချောင်းရွာနှင့် ဧကနီရွာမှ ပြည်သူပိုင်နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ငါးယှန်ရွာ အရှေ့ဘက်၌ ယနေ့ သြဂုတ်လ ၂ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ချောင်းဦးမှ မြင်းမူဘက်သို့ လာသည့် စစ်သား အင်အား ၇၀ ခန့်ပါ သံပြားကာကား ၂ စီးကို Farmers Revolution Force တပ်ရင်းနှင့် မြောင်မြို့နယ် တော်လှန်ရေးတပ် (စစ်ကိုင်းခရိုင် တပရင်း ၅)မှ ဗုံး ၆ လုံးဖြင့် ၃ နေရာခွဲကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း Farmers Revolution Force တပ်ရင်း ထံမှ သိရသည်။

မကွေးတိုင်း မြိုင်မြို့နယ် အရှေ့ဘက် ဥယျာဉ်မ ဇရပ်အနီးတွင် သြဂုတ်လ ၁ ရရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်၌ အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ ဆွဲမိုင်း၊ ရှေ့ထွက်ပြောင်းများနှင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ အဖွဲ့ထံမှသိရသည်။

ဓာတ်ပုံ- ယမန်နှစ်နေပြည်တော်တွင် စစ်ဆေးရေးလုပ်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ Photo- AP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article