28 C
Yangon

ရေးမြို့နယ် လ၀ကရုံး ပစ်ခတ်ခံရမှုတွင် လ၀ကမှူး သန်းထိုက်၊ ဒုလ၀ကမှူး အောင်ကိုထက်တို့ ပွဲချင်းပြီး သေဆုံးပြီး လ၀ကမှူး မြင့်လွင်နှင့်အောင်သူဖြိုးတို့အပါအဝင် ၃ ဦး အပြင်းအထန်ဒဏ်ရာရကာ သေဆုံးရန် များပြား

Must read

ရန်ကုန်၊ ဩဂုတ် ၃

မွန်ပြည်နယ်၊ ရေးမြို၊ ရန်မျိုးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်လ၀ကရုံးအတွင်းသို့ ရေးဘီလူးအဖွဲ့က ယနေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် ဝင်ရောက် ပစ်ခတ်ရာ လ၀ကမှူး သန်းထိုက်၊ ဒုလ၀ကမှူး အောင်ကိုထက်တို့ ပွဲချင်းပြီး သေဆုံးပြီး လ၀ကမှူး မြင့်လွင်၊ အောင်သူဖြိုး အပါအဝင် ၃ ဦး ထိမှန်သွားကြောင်း သိရှိရသည်။

“၂ ဦး ပွဲချင်းပြီးတယ်။ ၃ ဦးကတေ့ ဆေးရုံပို့ထားတယ်။ မော်လမြိုင်ဆေးရုံပို့ထားတယ်။ ဒါပေမယ့် သေဖို့များပါတယ်။ ရင်ဘတ်နဲ့ ကျောတွေကို ထိတာဆိုတော့ အဆုတ် ပေါက်ထွက်တာတွေရှိတယ်။ ဒဏ်ရာက အပြင်းအထန်ပါပဲ။ ၃ ဦးလုံးက ” ဟု ရေးမြို့နယ်မှ သတင်းရင်းမြစ်က ပြောသည်။

ရေးမြို့နယ် လ၀ကရုံးကို ယနေ့ မွန်းလွဲပိုင်းတွင် ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါရုံးမှ ဝန်ထမ်း ၅ ဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်း ဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေးမြို့နယ် လ၀ကရုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် လ၀ကရုံးမှ အကောင်ကြီးကြီး အပါအဝင် ၅ ဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကဆိုသည်။

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေကြသော Non CDM ဝန်ထမ်းများအနေဖြင့် ရာထူးတာဝန်များမှ နုတ်ထွက်ကြရန် ရေးဘီးလူးအဖွဲ့က တရားဝင် သတိပေးထားပြီးဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လ၀က အရာရှိနှင့်ဝန်ထမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article