By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၃ ရက်ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ စသုံးလုံးရဲ့ ဖမ်းဆီးမှုတွေကြောင့် ရွှေနဲ့ ဒေါ်လာ ပြင်ပစျေးကွက်မှာ လုံး၀ ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီး စျေးနှုန်းသတ်မှတ်ချက်မှာ တစ်ဒေါ်လာကို ၂၆၂၀ ကျပ်နဲ့ ရွှေစျေးက အကယ်ဒမီ- မီးလင်းရွှေ တစ်ကျပ် သားကို ၂၄ သိန်းရောက်ရှိသွားပြီလို့ ဈေးကွက်အတွင်းက သိရပါတယ်။
– ဘီးလင်းမြို့နယ်၊ ဝင်းတာပန်-ကျေးရွာ မှာ ကျူးကျော် တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ လက်အောက်ခံ တပ်တွေက လာရောက်ပစ်ခတ်ရင် ကျေးရွာအတွင်းကို လက်နက်ကြီး နဲ့ ပြန်လည် ပစ်ခတ်မယ်ဆိုပြီး စစ်ကောင် စီစခန်းမှူး ၊တပ်ခွဲမှူး- မျိုးကျော်မြင့်က ခြိမ်းခြောက်ပြောဆိုတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ် လ၀ကရုံးကို ဒီကနေ့ အော်ဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ရေးဘီလူးအဖွဲ့က နေ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ၊ အဲ့ဒီ့ ရုံးက ဝန်ထမ်း ၅ ဦးသေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင် က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ဒီကနေ့ ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ရေးမြို့နယ် လ၀ကရုံး ကို ပစ်ခတ်ခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။