29 C
Yangon

စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်ခြင်းဖြင့် အာဆီယံကို ထင်ထင်ရှားရှား မလေးမစားလုပ်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မှတ်ချက်ပြု

Must read

ရန်ကုန်၊ ဩဂုတ် ၃

မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်ခြင်းဖြင့် အာဆီယံကို ထင်ထင်ရှားရှား မလေးမစားလုပ်ခြင်းဖြစ် သည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးကြကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးVivian Balakrishnan က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ယနေ့ကျင်းပသည့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် မြန်မာ့အရေးကို အကြိတ်အနယ် ဆွေးနွေးကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ဆိုးရွားသည့် အခြေအနေများ အပါအဝင် အာဆီယံဘုံသဘောတူညီချက် ချက် ၅ ရပ်ကို အကောင် အထည်ဖော်ရာမှာ တိုးတက်မှု မရှိခြင်း နှင့် အဓိ က ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း၊ မကြာသေးမီက အတိုက်အခံ တက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခြင်းသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းသော ဖြေ ရှင်းမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လွယ်ကူချောမွေ့စေရေးအ တွက် အာဆီယံ၏ ကြိုးပမ်းမှုများအတွက် ကြီးမားသော ဆုတ်ယုတ်မှုတစ်ခုဖြစ်ကြောင်း၊ အာဆီယံအပေါ် မြန်မာစစ်အာဏာပိုင်များ၏ ပြတ်ပြတ်သားသား မလေးစားမှုကို ထင်ဟပ်စေကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဆွေးနွေးကြသည်ဟု သိရှိရသည်။

အာဆီယံအနေဖြင့် ဆက်လက် အလုပ်လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် ဓားစာခံ အဖြစ် ခံမည်မဟုတ်ကြောင်း၊ လက်ရှိအခက်အခဲများက အာဆီယံ၏ စည်းလုံးညီညွတ်နှင့် ဗဟိုချုပ်ကိုင်မှုကို ပျက်ပြားစေသည်ဟု မှတ်ချက်ပြု‌ ဆွေး နွေးကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article