By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၄ ရက် မနက်ပိုင်း ရရှိထားတဲ့ သတင်းတွေကတော့
-အကြမ်းဖက်မင်းအောင်လှိုင်က တရားမဝင် အာဏာသိမ်းပြီးနောက် ဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ သက်သက် ခိုင်ဒေါက်တာဘွဲ့ ရယူခဲ့တဲ့ WALDEN တက္ကသိုလ်မှာ ငွေကြေးလိမ်လည်ယူတဲ့ အွန်လိုင်း တက္ကသိုလ် အဖြစ် အမေရိကန်မှာ ယခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ တရားစွဲခံထားရပါတယ်။
– မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်စီရင်လိုက်တာဟာ အာဆီယံကို ထင်ထင်ရှားရှား မလေးမစားလုပ်တဲ့အကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဗီဗီယန်က လူမှုကွန်ရက်ကတစ်ဆင့် သတင်းထုတ် ပြန်ပါတယ်။
– စစ်ကိုင်း-မုံရွာလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဥ်တန်းတွေကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (T.G.R) တပ်ဖွဲ့ကဦးဆောင်ကာ သြဂုတ်လ ၂ ရက်နေ့က ၉ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ဦးထက် မနည်းသေဆုံးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။