29.2 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဩစတြေး လျနိုင်ငံဆိုင်ရာ ကိုယ်စား လှယ်ရုံး ဖွင့်လှစ်၊ ဩစတြေး လျနိုင်ငံမှ လွှတ်တော်အမတ်များ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန အရာရှိများ တက်ရောက်

Must read

—————————————————————

The Australian Greens ပါတီက NUG ကို မြန်မာ့တရားဝင်အစိုးရအဖြစ် သတ်မှတ်ဟု ကြေညာ

ရန်ကုန်၊ ဩဂုတ် ၄

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ဩဂုတ်လ ၃ ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး ဩစတြေးလျနိုင်ငံမှ လွှတ်တော်အမတ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများ တက်ရောက်ကြကြောင်း NUG ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။

NUG ကိုယ်စားလှယ်ရုံးဖွင့်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ သဝဏ်လွှာနှင့် တရားရေးဝန်ကြီး ဦးသိန်းဦး၏ သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး လူ့အခွင့်အရေး ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ Mr Peter Khalil MP (Labor Party, Senator the Hon David Fawcett (Liberal Party), Senator Jordon Steele-John (the Greens Party) စသည့် နိုင်ငံရေးပါတီအသီးသီး၏ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ၏ မိန့်ခွန်းများ၊ CRPH/NUG Support Group (Australia) ၏ ပြည်နယ်ကိုယ်စားလှယ်အစုအဖွဲ့၏ ကိုယ်စားလှယ်၊ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီ၏ ကိုယ်စားလှယ်တို့ကလည်း မိန့်ခွန်းများ ပြောကြားသည်။

မြန်မာမိသားစုများကိုယ်စား ပါမောက္ခဒေါက်တာအက်စ်သာမြင့်၊ Mr Christopher Lamb (President of Australia Myanmar Institute)၊ အကယ်ဒမီ မင်းမော်ကွန်းတို့ကလည်း နွေဦးတော်လှန်ရေးဆိုင်ရာ အတွေးအမြင်များကို ဖလှယ်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ကျေးဇူးတင်စကား ပြောကြားကြောင်း သိရှိရသည်။

ဤအခမ်းအနားတွင် သြစတြေးလျ၏ အင်အားကြီးပါတီတခုဖြစ်သည့် The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အပြင် သြစတြေးလျ၏ အခြားနိုင်ငံရေးပါတီများကလည်း အလားတူ အသိမှတ်ပြုကြောင်း ကြေညာကြရန် တိုက်တွန်းကြောင်း သိရှိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများအပြင် နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီးလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article