By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၄ ရက် နေ့လယ်ပိုင်းရရှိထားတဲ့ သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းပြီး ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကို ထပ်မံ ကျူးလွန်ခွင့် မပြုရေးအတွက် နိုင်ငံတကာ ကနေ တားဆီးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း လိုက်ပါတယ်။
– အမေရိကန်အထက်လွှတ်တော် အမတ် နဲ့ ရီပတ်ဘလီကန် ခေါင်းဆောင် Mitch McConnell က မြန်မာနိုင်ငံက အကြမ်းဖက် စစ်ကောင်စီကို ကိုင်တွယ် အရေးယူရာမှာ အပြောလျှော့ပြီး အလုပ်နဲ့ သက်သေပြဖို့ ၊ စစ်ကေင်စီတပ် ရဲ့ ဝင်ငွေရလမ်းတွေ ဖြတ်တောက်ဖို့ ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို ပိတ်ဆို့ အရေးယူဖို့တွေ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။
– မွန်ပြည်နယ် ၊ လမိုင်းမြို့ ရဲစခန်းက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ အကြောင်းမဲ့ ပစ်ခတ်မှု ကြောင့် ရဲစခန်းနားက ဖြတ်သွားတဲ့ မွန်လူငယ်မင်းလင်းအောင် ကျည်ထိမှန် သေဆုံးခဲ့တဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။