33.1 C
Yangon

ကိုဂျင်မီအိမ်ကို ခဲဖြင့်ပေါက်၍ ဆဲဆိုသောင်းကျန်းမှုတွင် ဦးဆောင်ပါဝင်သူ၊ စစ် တပ်သတင်းပေး ပိန္နဲကုန်း အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်ကို တော်လှန်ရေးတပ်ဖွဲ့က အိမ်ပေါ်အထိ တက် ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၄

အင်းစိန်မြို့နယ်ရှိ ကိုဂျင်မီအိမ်ရှေ့တွင် ခဲဖြင့်ပေါက်၍ ဆဲဆိုမှုတွင် ဦးဆောင်ပါဝင်ပြီး စစ်တပ်သတင်းပေး လုပ် ဆောင်သူ ပိန္နဲကုန်း အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်(ခေါ်) ဖိုးကုလားကို Yangon Liberation Force မှ တော်လှန်ရေးရဲဘော်တချို့က အိမ်ပေါ်အထိ တက် ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

ဩဂုတ်လ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပိန္နဲကုန်း အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင် (ခေါ်) ဖိုးကုလားသည် စစ်တပ်သတင်း ပေးအဖြစ် လုပ်ဆောင်ခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဖမ်းဆီးခြင်း၊ သတင်းများ စုံစမ်းထောက်လှမ်းခြင်း ပြုလုပ်ကြောင်း၊ ထို့ပြင် ကိုဂျင်မီ အိမ်ရှေ့ ဆဲဆို ခဲဖြင့်ပေါက်မှုတွင် ဦးဆောင်ပါဝင်ခဲ့ကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

Yangon Liberation Forceမှ ရဲဘော်တစ်ဦးက “ပိန္နဲကုန်းအုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်(ခေါ်) ဖိုးကုလားပေါ့။ သူသည် ဆိုင်ကယ်နဲ့ အိမ်ကို ပြန်လာတယ်။ ဆိုင်ကယ်ကို အိမ်ရှေ့မှာရပ်ပြီးတော့ အိမ်ရှေ့က ခုံမှာ ထိုင်နေတဲ့အချိန် ၁၂ နာရီနဲ့ ၇ မိနစ်အချိန်။ အဲဒီမှာ စပစ်တယ်။ အဲဒီမှာ ဖိုးကုလားက ကြောက် အားလန့်အားနဲ့ အိမ်ပေါ်ကို တက်ပြေးတယ်။ အိမ်ပေါ်တက်ပြီး ၆ ချက် တိတိပစ်တယ်။ ရင်ဘတ်တစ်ချက်၊ နဖူးတစ်ချက်နဲ့ နားထင် တစ်ချက်ထိမှန်ပြီး အဲဒီနေရာမှာ ပွဲချင်းပြီးတယ်။ နေရာကတော့ ရွာသစ် ၄ လမ်း အုပ်ချုပ်ရေးမှူး အိမ်ရှေ့မှာပါ” ဟု ပြောဆိုသည်။

ပိန္နဲကုန်းအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အင်းစိန်မြို့နယ်တစ်ခွင်ကို စစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်ပြီး မသင်္ကာသော လူငယ်တချို့ကို ဖမ်းဆီးမှုများရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article