By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းရရှိထားတဲ့ သတင်းတွေကတော့
-အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ဩဂုတ်လ ၃ ရက်နေ့မှာ ဖွင့်လှစ်လိုက်ပြီး ၊ ဩစတြေးလျနိုင်ငံက လွှတ်တော်အမတ်တွေ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေ တက်ရောက်ခဲ့ကြတယ်လို့ NUG ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး ကနေ သတင်းထုတ်ပြန်ထားပါတယ်။
– အကြမ်းဖက်စစ်ကောင်စီက ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ ’’တိုရူ ကူဘိုတာ’’ ကို လဝက ဥပဒေ ၁၃ (၁) ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က) တို့နဲ့ တရားစွဲလိုက်တယ်လို့ အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
– ပြည်တွင်းစီးပွားရေးစျေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၂၇၀၀ အထိ စျေးပေါက်လာပြီး အခေါက်ရွှေတစ်ကျပ်သားကို ၂၄ သိန်းခွဲ နီးပါး ရောက်ရှိနေပြီဖြစ်တယ်လို့ ပြည်တွင်းငွေလဲဒိုင်တွေ နဲ့ ရွှေကုန်သည်တချို့ ဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့အနီးက ချင်းတွင်းမြစ် တစ်နေရာမှာ ဒီကနေ့ အော်ဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းက PDF တပ်ဖွဲ့တွေကနေ အကြမ်းဖက် စစ်ကောင်စီတပ် စက်လှေကို ပစ်ခတ်တိုက်ခိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။