28 C
Yangon

ပြည်မြို့တွင် ကျောင်းစောင့် စစ်သားကို ဓားဖြင့် ထိုးသည့် ၆ တန်းကျောင်းသား မောင်အောင်မြင့်မြတ်‌ သေနတ်ကျည်ထိဒဏ်ရာဖြင့် စစ်ဆေးရုံတွင် ချုပ်နှောင် စစ်ကြောရေးလုပ်ခံနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၄

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာရွာမကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) မှော်ဇာတွင် ကျောင်းစောင့် စစ်သားကို ဓားဖြင့် ထိုးခဲ့သည့် ၆ တန်းကျောင်းသား မောင်အောင်မြင့်မြတ်သည် စစ်ဆေးရုံတွင် ကျည်ထိဒဏ်ရာများဖြင့် စစ်ကြောခံနေရကြောင်း နီးစပ်သူများထံမှ သိရှိရသည်။

ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ၆ တန်းကျောင်းသား မောင်အောင် မြင့်မြတ်က စစ်သားကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ပြီး စစ်သားများက ၎င်းကို လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် သေနတ်ဒဏ်ရာများဖြင့် ဖမ်း ဆီးခံလိုက်ရကြောင်း ၊ စစ်ဆေးရုံတွင် ပို့ဆောင်ထားသော်လည်း ကျည်ထိဒဏ်ရာ ဖြင့် အားနည်းနေသူ ၆ တန်းကျောင်းသား မောင်အောင်မြင့်မြတ်ကို စစ် တပ်က စစ်ကြောရေးလုပ်ဆောင်နေသည်ဟု သိရှိရသည်။

“ကျည်က လက်မောင်းအောက်ထိထားတာ။ သွေးထွက်တအားများထားတယ်။ အခု စစ်ဆေးရုံမှာပဲ အခန်းထဲထည့်ပြီး စစ်ကြောခံနေရတယ်လို့ ကြားရတယ်။ ဆေး ရုံမှာပဲ စစ်ကြောတယ်လို့ သိရတယ်။ စစ်တပ်ဘက်က မေးတာက ဘယ်သူက ခိုင်းတာလဲ။ ဘာကြောင့် စစ်သားကို ဓားနဲ့ထိုးရတာလဲ။ စစ်မေးခံရရင်း ရိုက်နှက်ခံရတယ်လို့လည်းကြားတယ်။ စစ်ဆေးရုံထဲမှာ ချုပ်နှောင် စစ်မေးခံနေရတာ။ အသက်အန္တရာယ်ကတော့ စစ်တပ်ထဲလက်ထဲမှာပဲ စိုးရိမ်ရတာပေါ့။ ဆေးရုံမှာ အခြေ အနေ ဘယ် လို ဖြစ်နေလဲဆိုတာ သေချာမသိရဘူး” ဟု သတင်းရင်းမြစ်က ပြော သည်။

၆ တန်းကျောင်းသား မောင်အောင်မြင့်မြတ်သည် အသက် ၁၄ နှစ်သာ ရှိသေးသော အသက်မပြည့်သေးသည့် ကလေးဖြစ်၍ ပြန်လည် နေကောင်းမွန်လာပါကလည်း ပုဒ်မတပ်၍ လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခံရနိုင်ကြောင်း၊ စစ်ဆေးရုံ စစ်ကြောရေးတွင် အသက်အန္တရာယ် မထိခိုက်စေရန် ဆုတောင်းနေရသည်ဟု သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိထားသော အသက် ၁၄ နှစ်အရွယ် မောင်အောင်မြင့်မြတ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article