30 C
Yangon

Khit Thit သတင်းဌာန၏  ဩဂုတ် ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့  ဩဂုတ် ၅ ရက် မနက်ပိုင်း ရရှိထားတဲ့ သတင်းတွေကတော့

-အင်းစိန်မြို့နယ်ရှိ ကိုဂျင်မီအိမ်ရှေ့မှာခဲနဲ့ကာ ဆဲဆိုမှုမှာ ဦးဆောင်ပါဝင်ပြီး စစ်တပ်သတင်းပေး လုပ် ဆောင်သူ ပိန္နဲကုန်း အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်(ခေါ်) ဖိုးကုလားကို Yangon Liberation Force မှ တော်လှန်ရေး ရဲဘော်တချို့က အိမ်ပေါ်အထိတက်ရောက်ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

– ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာရွာမကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) မှော်ဇာမှာ ကျောင်းစောင့် စစ်သားကို ဓားဖြင့် ထိုးခဲ့တဲ့ ၆ တန်းကျောင်းသား မောင်အောင်မြင့်မြတ်ဟာ စစ်ဆေးရုံမှာ ကျည်ထိဒဏ်ရာတွေနဲ့ စစ်ကြောခံနေရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။။

– မုံရွာ-မန္တလေး လမ်းပိုင်းမှာ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R) ဦးဆောင်ကာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ T.G.R တပ်ဖွဲ့မှ ဗိုလ် တိုက်ဂါးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောပါတယ်။

-စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ အင်ပင်ယဒင်နဲ့ ကိုင်းကံ ကျေးရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာ  ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ကာ ဝင်ရောက် စီးနင်းမီးရှို့နေတဲ့သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article