ရန်ကုန်၊ ဩဂုတ် ၅
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်တွင် အသက် ၁၁ နှစ်အရွယ် မောင် နိုးနိုးလပြည့်သည် စစ်ရှောင်ရင်း ဆေးကုသခွင့်မရရှိဘဲ ဩဂုတ် ၄ ရက်နေ့ တွင် ကွယ်လွန်ဆုံးပါးသွားခဲ့သည်။
သြဂုတ်လ ၄ ရက် နံနက်ပိုင်းအချိန် မောင်နိုးနိုးလပြည့် အမောဖောက်လာ၍အချိန်မီဆေးကုသခွင့်မရရှိခဲ့သဖြင့် ဆုံးပါးသွားရခြင်းဖြစ်ပြီး စစ်ဘေးရှောင်အခြေအနေတွင် ကလေးကို လက်လွှတ်ခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။
“ကလေးက အဆုတ်သိပ်မကောင်းဘူး။ ခဏ ခဏ နေမကောင်းဖြစ်လေ့ရှိပြီးကျန်းမာရေးချုုချာတယ်။ မနေ့က မနက်ပိုင်း အသည်းသန်နေမကောင်းဖြစ်လာပြီး ဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြော သည်။
မောင်နိုးနိုးလပြည့်၏ အလောင်းကို ရွာသားများနှင့်မိသားစုဝင်များက မြေမြှုပ်သဂြိုလ်လိုက်ကြောင်း၊ စစ်တပ်၏ ထိုးစစ်များကြောင့် ဧကနိ၊ခမောင်းချောင်း၊ဝက်ချောင်း၊ရငဲ၊ပုဂေါဇွန်း ၊ဇွမ်းတော့ရွာတို့မှ ပြည်သူ ၁၀၀၀ ဝန်းကျင်ခန့် နေအိမ် စွန့်ခွာရကြောင်း၊ မိုးတွင်းကာလစစ်ဘေးရှောင်နေရသဖြင့် ဆေး ဝါး နှင့်စားနပ်ရိက္ခာများ၊မိုးကာများ ပိုမိုလိုအပ်နေပါကြောင်း စစ်ဘေးရှောင်နေသူများထံမှ သိရှိရသည်။