34 C
Yangon

နိုင်ငံရေးအကျဉ်းသားများ တရားမျှတမှုနှင့် ထောင်တွင်း၌ တရားမဲ့ သတ်ဖြတ်မှုများ ရပ်တန့်နိုင်ရေး GMSR and GSCB တို့ ပူးပေါင်းတောင်းဆိုသည့် ဓာတ်ပုံကမ်ပိန်း ပြုလုပ်ရန် စီစဉ်

Must read

ရန်ကုန်၊ ဩဂုတ် ၅

နိုင်ငံရေးအကျဉ်းသားများအတွက် တရားမျှတမှုနှင့် ထောင်တွင်း၌ တရားမဲ့ သတ်ဖြတ်မှုများ ရပ်တန့်နိုင်ရေးတို့အတွက်နိုင်ငံတကာကို တောင်းဆိုရန် ဓာတ်ပုံကမ်ပိန်း တစ်ခုကို GMSR- Global Myanmar Spring Revolution နှင့် General Strike Coordination Body- GSCBတို့ ပူးပေါင်း၍ စီစဉ်သွားမည် ဖြစ်ပါသဖြင့် ပူးပေါင်းပါဝင်နိုင်မည်ဖြစ်သည်။

ဓာတ်ပုံကမ်ပိန်းတွင် ပါဝင်မည့် သူများ-

– [ Justice for political prisoners ] [ Stop unjustly extrajudicial killings in prisons] စာသားတွေနှင့်အတူ လက်သုံးချောင်း ထောင်သင်္ကေတဖြင့် ဓာတ်ပုံရိုက်ခြင်း

– တိပ် အမည်း ❌ ကို ပါးစပ်တွင် ကပ်ကာ အပြာရောင် အင်္ကျီ များဝတ်ဆင်၍ ပါဝင်ပေးကြပါရန်

– ဆိုရှယ်မီဒီယာ ‌Facebook, Twitter အကောင့်များတွင်တင်ခြင်း, GMSR- Global Myanmar Spring Revolution နှင့် General Strike Coordination Body- GSCBတို့၏ Facebook Pageများ သို့ ဆန္ဒပြ ဓာတ်ပုံများပို့ပေးခြင်းဖြင့် ပါဝင် နိုင်မည် ဖြစ်သည်။

လူမှုကွန်ရက်တွင် ဓာတ်ပုံတင်ရာ၌ #GMSR22222

#GSCB#Justiceforpoliticalprisoners#StopUnjustlyExtrajudicialKillingsinprisons#ReleaseAllPoliticalPrisoners#WhatsHappeningInMyanmar#အားလုံးစုစည်းနေရင်ဘာမှမဖြစ်#တရားတဲ့သူသာနိုင်ကြေးဟေ့ စသည့် Hashtag များ အသုံးပြု၍ တင်ပေးရမည် ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article