By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၅ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့ သတင်းတွေကတော့
– တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ အသက် ၁၁ နှစ်အရွယ် မောင် နိုးနိုးလပြည့် ဟာ စစ်ရှောင်ရင်း နဲ့ ဆေးကုသခွင့် မရတဲ့အခါ ဩဂုတ်လ ၄ ရက်နေ့မှာ ကွယ်လွန် ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က စစ်ဗိုလ် တစ်ဦး အပါအဝင် ၂၅ ဦးသေဆုံးခဲ့ပြီး၊ အဲ့ဒီ့သေသွားတဲ့ စစ်ဗိုလ်ကို ရွာထဲမှာ အခမ်းအနားနဲ့ မီးသဂြိုလ် တဲ့အခါ စစ်ဗိုလ်ရဲ့ အမျိုးသားအင်္ဂါ နဲ့ အူတွေဟာ မီးမလောင်ဘဲ မီးကွင်းကျန်ရစ်နေတာကို တွေ့ရ တယ် လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) အဖွဲ့ရဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ် ၊ ဗျက်ကြီးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို သြဂုတ်လ ၄ ရက်နေ့ မနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေကနေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က ၁၀ ဦး သေသွားတယ်လို့ ကာကွယ်ရေး ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း ၊ မုံရွာ-မန္တလေး လမ်းပိုင်းမှာ သြဂုတ်လ ၂ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် စစ်ယာဥ်တန်းကို လုံခြုံရေး ပေးဖို့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီဘက်က တပ်သားတွေကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။