34 C
Yangon

နေပြည်တော်တွင် အိမ်စီးကားနှင့်ရဲကားတိုက်မိမှု ရဲကားမှောက်ပြီး ရဲ ၂ ဦးနှင့် အချုပ်သား ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၅

အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် ယမန်နေ့ ညနေပိုင်း၌ အိမ်စီးကားနှင့် ရဲကား တိုက်မိပြီး ရဲကား တိမ်းမှောက်ကာ ရဲ ၂ ဦးနှင့် အချုပ်သား ၁ ဦး ဒဏ်ရာရရှိကြောင်း နေပြည်တော်ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် နေပြည်တော်ကောင်စီ၊ ဇဗ္ဗူသီရိဆေးရုံနှင့် စည်ပင်ဧည့်ရိပ်သာအနီး လမ်းဆုံမီးပွိုင့်၌ အိမ်စီးကားနှင့် ရဲကားတို့ ယာဉ်တိုက်မှုဖြစ်ရာ ရဲတပ်ဖွဲ့ပိုင်ကား တိမ်းမှောက်သွားကြောင်း သိရှိရသည်။

“မီးပွိုင့်မီးပျက်နေတာ။ ရဲကားအဖြတ်ကို အိမ်စီးကားက ဘေးကနေဝင်တိုက်မိတာ။ Suzuki Ciaz အိမ်စီးကား ရဲကားဘေးကို တိုက်လိုက်တာ။ ရဲကားမှောက်တယ်။ ရဲမေတစ်ယောက် လက်ကျိုး ခြေကျိုးဖြစ်တယ်။ ရဲတစ်ယောက်အောက်ပိုင်းကြေတယ်။ ကားပေါ်မှာတဲ့ အချုပ်သားတဦးခေါင်းကွဲတယ်။ အိမ်စီးကားက ဘာမှ မဖြစ်ဘူး” ဟု နေပြည်တော်ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကို သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ထားပြီး အိမ်စီးကား ယာဉ်မောင်းကို အရေးယူထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ညနေပိုင်း ရဲကားတိမ်းမှောက်နေသော ကားတိုက်မှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article