ရန်ကုန်၊ ဩဂုတ် ၈
အမေရိကန်ပြည်ထောင်စု၊ Indianapolis တွင် ရှစ်လေးလုံး ၃၄ နှစ်ပြည့်အခမ်းအနားကို ယနေ့ ပြုလုပ်ကြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH ဥက္ကဋ္ဌ ဦအောင်ကြည်ညွန့် ၊ ကဗျာဆရာအောင်ဝေး၊ Burmese American Community Institute ဥက္ကဋ္ဌ ဒေါက်တာရိုဒင်း၊ အရှင်စန္ဒိမာ နှင့် ပြည်ပရောက် မြန်မာများ တက်ရောက်ကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီးညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလနှင့်အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရှိရသည်