26 C
Yangon

ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းမှ ရဲ ၂ ဦး မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ခဲယမ်းများနှင့် အလင်းဝင်

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစန်းမှ ရဲတပ်သား ၂ ဦးသည် သေနတ် ၂ လက်၊ ခဲယမ်းအချို့နှင့်တကွ ယမန်နေ့ ဩဂုတ်လ ၁၀ ရက်တွင် အလင်းဝင်လာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲ ၂ ဦးသည် G3 သေနတ် ၁ လက်၊ G4 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၄၇၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့် အတူ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

CDM ရဲ ၂ ဦးကို တစ်ဦးလျှင် သိန်း ၁၀၀ ကျပ် ပေးအပ်ဂုဏ်ပြုကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပြီးကြောင်း မြိုင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – မကွေးတိုင်း ရဲတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article