26 C
Yangon

စစ်ကောင်စီနှင့်ပေါင်းပြီး လက်နက်ကိုင် ဂိုဏ်းဖွဲ့ကာ ရာဇဝတ်မှုကျူးလွန်၍ ALP မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးခြင်းဟု AA‌ က ရှင်းလင်း

Must read

ရန်ကုန်၊ဩဂုတ် ၁၁

ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ (ALP) ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ ခိုင်ပေါ်လင်းက စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီ နှင့်ပေါင်းပြီး လက်နက်ကိုင်ဆောင်ကာ ဂိုဏ်းဖွဲ့ပြီး ရာဇဝတ်မှု ကျူးလွန်နေ သ ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ULA/AA ၏ သတင်းစာ ရှင်း လင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ခိုင်ပေါ်လင်းသည် တချို့ရာဇဝတ်ပြစ်မှုများတွင် ပါဝင် ပတ်သက် နေသည့် အတွက် ပြည်သူလူထုများ၏ တိုင်တန်း ချက်များရှိကြောင်း၊ ပြည်သူ လူထု လုံခြုံရေးအတွက် လိုအပ်သည့်အတွက် ဖမ်းဆီးထိန်းသိမ်းထား ရခြင်းဖြစ် ကြောင်း ခိုင်သုခကပြောသည်။

ဩဂုတ်လ ၈ရက်နေ့က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် ALP တပ်ဖွဲ့ဝင် များက ဒေသခံ အရပ်သားနှစ်ဦးကို လိုက်လံဖမ်းဆီးရာတွင် အရပ်သားပြည်သူ ကိုသိန်းဆန်းကို သေနတ်ဖြင့် လိုက်လံပစ်ခတ် ဖမ်းဆီး ခဲ့သည်ဟုဆိုသည်။

ယင်းအပြင် စစ်တွေမြို့အတွင်းမှာ ဂိုဏ်ဖွဲ့ပြီး လက်နက်ကိုင်ရာဇဝတ်မှုများ ကိုကျူး လွန် နေသည့် ALP တပ်ဖွဲ့ဝင် များကို လိုအပ်သည့်အတွက် ထိန်းသိမ်း ထားခြင်းများရှိသည်ဟု သိရသည်။

ULA/AAက ALPတပ်ဖွဲ့၀င် ခုနစ်ဦးခန့်ကို ဖမ်းဆီးထားထိန်းသိမ်းထားပြီး တချို့ တပ်ဖွဲ့၀င်များကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းစာ ရှင်းလင်း ပွဲတွင် ပြောဆိုခဲ့သည်။

ခိုင်ပေါ်လင်းသာမဟုတ် ပြည်သူထုများကို တရားလွန်ဒုက္ခပေးလာပါက မည်သူ ပင် မဆို လိုအပ်သလို ဖမ်းဆီးထိန်း သိမ်းသွားမည်ဟု ULA/AA ၏ပြန်ကြား ရေး တာဝန်ခံ ခိုင်သုခက ပြောဆိုသည်။

ALPသည် စစ်ကောင်စီနှင့်ပူးပေါင်းကာ စစ်ကောင်စီအားကိုးဖြင့် ပြည်သူများကို သတ် ဖြတ်ခြင်း၊ငွေညှစ် ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိနေသည့်အတွက် ပြည် သူ လူထုအကျိုးအတွက် ULA/AAက လိုအပ်သလို ပြန်လည်တုံ့ပြန် သွား မည် ဟု ပြောသည်။

ALP မှ ဒေါ်စောမြရာဇာလင်းနှင့် ဖမ်းဆီးခံရသူ ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ် လင်း တို့အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်များမှာ စစ်ကောင်စီ၏ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ဇွန်လ ၁၃ရက်နေ့က နေပြည်တော်တွင် သွားရောက် တွေ့ဆုံခဲ့ကြသူများဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article