28 C
Yangon

ရွှေပြည်သာ ၇ ရပ်ကွက်ရုံးထိုင်ရာနေရာ နှင့် ၁၀ ရပ်ကွက်ရုံးတို့တွင် ဗုံးပေါက် ကွဲမှုများ ဖြစ်ပေါ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဝင် တချို့ ဒဏ်ရာရ ၊ အင်းစိန် နှင့် လှိုင်သာယာတို့တွင်လည်း ဗုံးပေါက်

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက်ရုံးအဖြစ် အသုံးပြုရာ ရပ်ကွက် ဓမ္မာရုံ၊ ၁၀ ရပ်ကွက်ရုံးတို့တွင် ယနေ့ ညပိုင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီး ရပ် ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိ ရ သည်။

ဩဂုတ်လ ၁၁ ရက်နေ့ ည ၇ နာရီ ၃ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ နဝရတ်လမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ စုဝေးရာ ဆွမ်းချက် ဓမ္မာရုံတွင် ဗုံးပေါက်ကွဲကြောင်း၊ ရပ်ကွက် အုပ်ချုပ် ရေး အဖွဲ့ဝင်နှင့် အပေါင်းအပါ ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဓမ္မာရုံမှာ စုဝေးနေကြတဲ့အချိန် ဗုံးပေါက်တာ။ ဝါတွင်းဆွမ်းချက်တဲ့ ယာယီ ဓမ္မာရုံ လိုမျိုးမှာ စုပြီး ရှိနေကြတဲ့အချိန်မှာ ဗုံးပေါက်တာ။ လူနာတင် ကားတွေ လာတယ်။ ထိတာကလည်း ရပ်ကွက်ရုံးက လူတွေပဲ။ အလှူခံထွက်ရင်ပါ၊ ဧည့် စာ ရင်း စစ်ရင် ပါတဲ့သူတွေပါပဲ။ ၃ ဦးထိတယ်လို့ပြောတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ရွှေပြည်သာ ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ယနေ့ ည ၇ နာရီ ၁၅ မိနစ်တွင် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ရာ အိမ် မှူး တစ်ဦး ဒဏ်ရာရရှိကြောင်း စစ်တပ်နှင့်ရဲများက ရပ်ကွက်များကို ပိတ် ဆို့ စစ်နေကြောင်း သိရှိရသည်။

ရွှေပြည်သာ ၇ ရပ်ကွက်နှင့် ၁၀ ရပ်ကွက် ဗုံးပေါက်ကွဲမှုသည် မြို့ပြပျောက် ကျား တပ်ဖွဲ့က လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ် ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝ်ငများအနေဖြင့် နှုတ်ထွက် ကြရန် မြို့ပြပျောက်ကျားတပ်ဖွဲ့များက သတိပေးထားသည်။

ထို့ပြင် အင်းစိန်နှင့် လှိုင်သာယာတို့တွင်လည်း ယခု ည ၇ နာရီနှင့် ည ၈ နာရီ ၃၁ မိနစ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရွှေပြည်သာမြို့နယ် အမှတ် ၅ ရပ်ကွက်ရုံးရှေ့တွင် အတားအဆီးများ ချထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article