24 C
Yangon

ပုလဲတွင် ပျူစောထီး စခန်း တိုက်ခိုက်ခံရ၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်း နှင့်ငါန်းဇွန်း မြို့ နယ် တို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော အိမ်စီးကားများ မိုင်းဆွဲခံရပြီး အရာရှိ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၁၁

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးရွာ အတွင်းရှိ ပျူစောထီး စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ တိုက်ပွဲ ပြင်း ထန်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

ပျူစောထီး စခန်းကို ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့၊ ပုလဲတပ်ရင်း ၅ မှ ဦးဆောင်ကာ ပုလဲတပ်ရင်း ၁၊ ပုလဲတပ်ရင်း ၂၊ ပုလဲတပ်ရင်း ၃၊ Guerilla Ranger ပုလဲတပ်ရင်း ၆၊ Black God ပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် မြိုင်PDF မဟာမိတ် ညီနောင်များက ပူးပေါင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမှ မုံရွာသို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ များ လိုက်ပါလာသော ပါဂျဲရိုးကား ၁ စီးကို ဒေသခံ ကာကွယ်ရေး တပ် ဖွဲ့ များက သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင် ပဒေသာ မိုင်း ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံးခဲ့ကြောင်း မြောင် မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM ထံမှ သိရ သည်။

မိုင်းဆွဲခံရသော ပါဂျဲရိုးကားကို ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာ အကြား တွင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ၊ Black Eagle Defence Force – MMU (မြင်းမူလင်းယုန် နက်ကာကွယ် ရေးအဖွဲ့)၊ People’s Defence Force Myinmu – MMU PDF၊ မြင်းမူမြို့ပြ တော်လှန် ရေးအဖွဲ့ Myinmu Civil Revolution Force – CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့) စသည့် မဟာမိတ် အဖွဲ့ (၅) ဖွဲ့မှ ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲအချိန် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှ ငါန်းမြာမြို့သို့ သွားသည့် စစ်ကား ၁၄စီးကို သွားကြိုသည့် စစ်သား ၅ ဦးလိုက်ပါသော Mark ll ကားကို အပြန်တွင် ၅လုံးတွဲမိုင်းဖြင့် တိုက် ခိုက်ရာ အသေအပျောက်ရှိနိုင်ကြောင်း၊ ထိုမိုင်းစစ်ဆင်ရေးကို CDSOM ၊ နောင် ရိုးအဖွဲ့၊ M2W ၊ ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မာန်ဆွယ် ကျား အထူး ပြောက်ကျားအဖွဲ့ ၅ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မန္တလေးတွင် လှည့်လည်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article