28 C
Yangon

အာဏာသိမ်းမှုကြောင့် အိန္ဒိယသို့ ထွက်ပြေးသူများကို ဖမ်းဆီးနိုင်ရေး စစ်ကောင်စီ က လျှို့ဝှက် ကြိုးပမ်းနေ

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

စစ်အာဏာသိမ်းမှုကြောင့် အိန္ဒိယသို့ ထွက်ပြေးသွားသူများကို ပြန်ခေါ် ဖမ်းဆီး နိုင်ရေးအတွက် အကြမ်း ဖက်စစ်ကောင်စီက အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းပြီး ကြိုး စား နေတယ်လို့ စစ်ကောင်စီရဲ့ လျှို့ဝှက် စာဆက်သွယ်မှုတွေအရ သိရှိရ ပါတယ်။

နေရပ်စွန့်ခွာလာသူများကို ပြန်လည်ပို့ဆောင်ရေးနှင့် နေရာချထားပေးရေး လို့ အကြမ်းဖက် စစ် ကောင် စီက ခေါင်းစဉ်တပ်ထားပေမယ့်လည်း အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ဖမ်း ဆီးနိုင်ဖို့ ပုံစံမျိုးစုံနဲ့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ ၀ဏ္ဏ မောင်လွင် တို့ တွေ့ဆုံပြီး အိန္ဒိယ ဘက် ထွက်ပြေးသွားသူတွေကို ပြန်ပို့ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီလို ဆွေးနွေးပြီးတဲ့နောက် မီဇိုရမ်ပြည်နယ်အစိုးရက ကော်လ်ကတ္တားမြို့ မှာရှိ တဲ့ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးကို အကြောင်းကြားစာပေးလို့လာပြီး နှစ်နိုင်ငံ ဆက်ပြီး ညှိနှိုင်းဖို့ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အိန္ဒိယဘက် ထွက်ပြေးသွားသူတွေကို ပြန်လည် ဖမ်းဆီးဖို့ ခေါင်းစဉ် မျိုးစုံသုံးပြီး သူတို့အထဲမှာလည်း လျှို့ဝှက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article