28 C
Yangon

ဓာတ်ဆီ 92 တစ်လီတာလျှင် ယမန်နေ့ထက် ငွေကျပ် ၁၀၀ ကျော်စျေးတက်ပြီး တစ်လီတာလျှင် ၂၂၄၅ ကျပ်မှ ၂၇၂၀ အထိ နေရာလိုက်၍ စျေးများ ထိုးတက်၊ တစ်နိုင်ငံလုံး ဆီပြတ်လပ်နေပြီး ခွဲတမ်းဖြင့် စက်သုံးဆီရောင်းပေးမည်ဆိုသော သတင်းများထွက်ပေါ်လာ

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်းတွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ယမန် နေ့ ထက် ငွေကျပ် ၁၀၀ ကျော်စျေးတက်ပြီး တစ်လီတာလျှင် ၂၂၄၅ ကျပ် မှ ၂၇၂၀ အထိ နေရာလိုက်၍ စျေးများ ထိုးတက်သွားကြောင်း စစ်ကောင်စီ၏ ဓာတ်ဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီက တရားဝင်သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၁၁ ရက်နေ့တွင် ရန်ကုန်စျေး ဓာတ်ဆီ 92 တစ်လီတာလျှင် ငွေကျပ် ၂၁၄၀ ကျပ်သာရှိရာမှ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်စျေးဓာတ်ဆီ 92 တစ်လီတာလျှင် ငွေကျပ် ၂၂၄၅ ကျပ်အထိ စျေးထိုးတက် သွားခြင်း ဖြစ် ကြောင်း၊ နေရာဒေသလိုက်၍ ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၇၂၀ ကျပ်အထိ အမြင့်ဆုံးထိုးတက်နေကြောင်း သိရှိရသည်။

လက်ရှိ တစ်နိုင်ငံလုံး မြို့ကြီးများတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် စက်သုံးဆီများ ပြတ်လပ်နေ‌ပြီး ပြည်သူများ ဝယ်မရ ဖြစ်နေကြသည်ဟု ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြပြီး စက်သုံးဆီ လုပ်ငန်းရှင် များက စစ်ကောင်စီက စက်သုံးဆီတင်သွင်းရန် လိုသလောက် ဒေါ်လာ ရောင်းမတော့၍ စက်သုံးဆီ မတင်သွင်းနိုင်တော့ ကြောင်း ပြောဆိုကြသည်။

“အခု စစ်တပ်က သတ်မှတ်တဲ့ဓာတ်ဆီစျေးက တစ်ဒေါ်လာကို ၂၁၀၀ ကျပ် စျေး နဲ့ တွက်ထားတာပါ။ တကယ်တမ်း ပြင်ပပေါက်စျေး တစ်ဒေါ်လာကို ၂၇၅၀ နဲ့တွက်မယ်ဆိုရင် စျေးက ဒီထက် ပိုတက်မှာပါ” ဟု စက်သုံးဆီ တင် သွင်း နေသည့် လုပ်ငန်းရှင် တစ်ဦး က ဆိုသည်။

ယခုအခါ စက်သုံးဆီအရောင်းဆိုင်များတွင် ခွဲတမ်းစနစ်ဖြင့် ဓာတ်ဆီနှင့် ဒီဇယ် ဆီ များ ရောင်းချမည်ဆိုသော သတင်းများ ထွက်ပေါ်လာနေသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်ကောင်စီဘက်မှ အတည်ပြုချက် မရရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article