28 C
Yangon

Khit Thit သတင်းဌာန၏  ဩဂုတ်၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့  ဩဂုတ် ၁၂ ရက် မနက်ပိုင်း ရရှိထားတဲ့ သတင်းတွေကတော့

-ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက်ရုံးအဖြစ် အသုံးပြုတဲ့ ရပ်ကွက် ဓမ္မာရုံနဲ့ ၁၀ ရပ်ကွက်ရုံးတို့မှာ မနေ့က ညပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

– စစ်ကောင်စီလက်ကိုင်တုတ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ ဝန်ထမ်းတွေအနေနဲ့  ပြည်သူကို ဆက်ဒုက္ခပေးရင် တော်လှန် ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေးလိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နဲ့အညီ လိုအပ်သလိုကိုင် တွယ် သွားမယ်လို့ ပြင်း ပြင်းထန်ထန် သတိပေးတယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောပါတယ်။

– တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရငဲရွာအနီးမှာ စစ်ကား ၁၄ စီးပါ အကြမ်းဖက်စစ်တပ်ယာဥ်တန်းကို သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်က  ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက RPGနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

– ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့တဲ့၆လအတွင်း တိုက်ပွဲ ပေါင်း ၂၂၀ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၉၂၇ဦး သေသွားတယ်လို့ ချင်းလက်နက်ကိုင် ၁၈ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ CJDCက ထုတ်ပြန်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article