28 C
Yangon

မြင်းမူမြို့ရှောင်လမ်းတွင် စစ်ယာဉ်တန်း မိုင်းခွဲခံရပြီး စစ်သား ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှောင်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဩဂုတ်လ ၁၂ ရက်နံနက်၌ မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၁ စီးမှ ရပ်တန့်သွားပြီး စစ်သား ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က သတင်းထုတ်ပြန်သည်။

စစ်ကား ၁၃ စီးပါသော စစ်ယာဉ်တန်းသည် မုံရွာမြို့မှ စစ်ကိုင်းမြို့ဘက်သို့ ယနေ့ နံနက် ၄ နာရီတွင် စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ၁၂ စီးမြောက်ကားမှာ ထိုးရပ်သွားကြောင်း၊ စစ်သားများ၏ အော်ဟစ်ညည်းညူသံများ ကြားရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့က အဆက်မပြတ် ပြန်လည်ပစ်ခတ်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များမှာ ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ DOG Killer၊ ZERO POWER တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း) နှင့် G4G PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article