ရန်ကုန်၊ ဩဂုတ် ၁၂
ရုရှားနှင့်အိန္ဒိယတို့ ပူးပေါင်းထုတ်လုပ်ထားသော BrahMos ဒုံးကျည်များကို အိန္ဒိယချေးငွေဖြင့် မြန်မာစစ်ကောင်စီ၏ ရေတပ်က ဝယ်ယူမည်ဖြစ်ကြောင်း ရုရှား ဝါဒ ဖြန့်သတင်းဌာန TASS ကို ကိုးကားပြီး Defense Express က သတင်း ဖော်ပြပါတယ်။
ရုရှား-အိန္ဒိယတို့ ပူးပေါင်းထုတ်လုပ်သည့် BrahMos ဒုံးကျည်များကို မြန်မာ စစ်တပ်က ဝယ်ယူရန် လုပ်ဆောင်နေပြီး မြန်မာစစ်တပ်က အဆိုပါ ဒုံးကျည် များကို အိန္ဒိယအစိုးရထံမှ ချေးငွေဖြင့် ဝယ်ယူရန် ငွေကြေး ချေးယူလျက် ရှိကြောင်း သိရှိရသည်။
ရုရှားသတင်းရင်းမြစ်များ၏ ပထမဆုံးသတင်းဖော်ပြမှုကြောင့် ယင်းအခြေအနေ ကို သိမြင် လာရခြင်ဖြစ်ပြီး ရုရှားဘက်က ဒုံးကျည်ရောင်းချနိုင်ရန် အလျှင်အမြန် စီစဉ်နေ ကြောင်း ၊ အဆိုပါ ဒုံးကျည်များကို Su-30 တိုက်လေယာဉ်များဖြင့် တင်ဆောင်သယ်ယူ ပစ်ခတ်နိုင်ကြောင်း ၊ မြန်မာ့ရေတပ်တွင်လည်း ဖရီးဂိတ် စစ် သင်္ဘော ၅ စီး၊ ဒုံးကျည် တင်ဆောင်ပစ်ခတ်နိုင်သော စစ်သင်္ဘောငယ် ၃ စင်းနှင့် ဒုံးကျည်ပစ်သင်္ဘော ၅ စင်းရှိကြောင်း၊ အဆိုပါစစ်သင်္ဘောများတွင် အဓိက လက်နက်များအဖြစ် တရုတ် C-802 ဒုံးပျံများ အသုံးပြု တပ်ဆင် ထား ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရုရှားနှင့်အိန္ဒိယတို့ ပူးပေါင်းထုတ်လုပ်ထားသော BrahMos ဒုံးကျည်။
