27 C
Yangon

ပေါက်မြို့နယ်၊ ရှားစေးချက်ကျေးရွာသား ၁ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်၊ ရွာကို မီးတင်ရှို့နေပြီး ရွာသား ၁၀ ဦးခန့်ကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

မကွေးတိုင်း၊ပေါက်မြို့နယ်၊ ရှားစေးချက်ကျေးရွာအတွင်းသို့ စစ်တပ်က ဝင် ရောက် စီးနင်းပြီး ကျေးရွာသား ၁ ဦးကို သတ်ဖြတ်ကာ ရွာကို မီးတင်ရှို့နေ ကြောင်း၊ ရွာသား ၁၀ ဦးခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းတွင် ပေါက်မြို့နယ်၊ ရှားစေးချက်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက်လာပြီး အပြစ်မဲ့ကျေးရွာသား ၁ ဦးကို သတ်ဖြတ်လိုက်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ရွာသား ၁၀ ဦးဝန်းကျင် ကို ဖမ်းဆီးထားသည့်အပြင် ကျေးရွာကိုလည်း မီးတင်ရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ရှားစေးချက်ရွာကို စစ်ခွေးတွေ ဝင်ပြီး ဒီမနက် မီးရှို့နေပါတယ်၊ ထွက်မပြေးတဲ့ ရွာသား တွေကိုလည်း ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးခံရသူက ၁၀ ယောက် ဝန်းကျင်ရှိပါတယ်။ ထွက်ပြေးတဲ့ ပြည်သူတွေကိုလည်း တောနင်းရှာ ဖွေနေ တယ်။ အသက် ၄၀ ဝန်းကျင်ရှိတဲ့ အမျိုးသား ၁ ဦးကိုလည်း သတ်ထားပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၀ ရက် ညပိုင်းတွင် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိ ရေထွက်ရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပြီးနောက် မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ ရှားစေးချက်ကျေးရွာကို ယမန်နေ့ ဩဂုတ်လ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရေထွက်ရွာကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ခွေးတွေ ကန်နက်နဲ့ ထောက်ရှာ ပင်ရွာ ကြား မှာ နားနေတဲ့အချိန် လက်နက်ကြီးနဲ့ အပစ်ခံရတာ။ အဲဒါနဲ့ စစ်ခွေးတွေက ရှားစေးချက်ကို ဝင်လာပြီး မီးရှို့တာ။ ရွာသားတွေကထွက်ပြေးကြတယ်၊ မပြေး ဘဲ ကျန်နေတဲ့သူတွေက အဖမ်းခံရတာပေါ့” ဟု ဒေသခံက ဆက်ပြောသည်။

ယနေ့ နံနက်ပိုင်း မီးရှို့ခံလိုက်ရသည့် ရှားစေးချက်ကျေးရွာကို အကြမ်းဖက် စစ်တပ် လက်ပါးစေ ပျူစောထီးများက မီးရှို့ဖျက်ဆီးမည်ဟု မကြာခဏ ခြိမ်း ခြောက် လေ့ရှိပြီး ယနေ့ နံနက်ပိုင်းတွင် အမှန်တကယ် မီးရှို့ ဖျက်ဆီးခြင်း ဖြစ်ကြောင်း ရှားစေးချက် ရွာသားများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article