27 C
Yangon

မုံရွာ-စစ်ကိုင်း လမ်းပိုင်းတွင် စစ်ကား ၁၃ စီးပါ ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ သြဂုတ် ၁၂

မုံရွာမှ စစ်ကိုင်းသို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကား ၁၃ စီးပါ ယာဥ်တန်းကို သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာ အကြားတွင် ပဒေသာမိုင်း ၄ လုံးဖြင့် ၁ ကြိမ်၊ Mytel မမ ၂ လုံးဖြင့် ၁ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ယာဥ်တန်း၏ ၃ စီးမြောက်၊ ၄ စီးမြောက်နှင့် ၉ စီးမြောက်ကားတို့ကို ထိမှန်ခဲ့ကာ စစ်သား သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOM၊ Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)၊ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article