30 C
Yangon

စျေးကွက်ဖွင့်အပြီး နာရီပိုင်းအတွင်း အခေါက်ရွှေတစ်ကျပ်သား ၂၆ သိန်း ရောက် ရှိ၊ တစ်ဒေါ်လာ ၂၈၀၀ ကျပ်အထိ စျေးတက်

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

ပြည်တွင်းစီးပွားရေးစျေးကွက်တွင်‌ ပြင်ပ ရွှေစျေးကွက်နှင့် ငွေလဲစျေးကွက် နောက်ကျမှ စျေးဖွင့်နိုင်ခဲ့ပြီး စျေးကွက် ဖွင့်ပြီး နာရီပိုင်းတွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၂၆ သိန်းရောက်ရှိသွားပြီဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပုံမှန်အားဖြင့် နံနက် ၁၁ နာရီဝန်းကျင်တွင် ရွှေစျေးနှင့်ဒေါ်လာစျေးကွက်များ ဖွင့်ကြသော်လည်း ယနေ့တွင် စျေးကွက်ကို မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ဝန်း ကျင်မှ စျေးဖွင့်နိုင်ကြောင်း၊ စျေးကွက် စတင်ဖွင့်လှစ်ချိန်တွင် ၁၆ ပဲရည် အကယ် ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၂၅ သိန်း ၅သောင်းဖြင့် စျေးစတင် ဖွင့်ခဲ့ပြီး နာရီပိုင်းအတွင်း ၂၆ သိန်း ရောက်ရှိသွားကြောင်း စျေးကွက်အတွင်း မှ သိရှိရသည်။

“မနေ့ည ပိတ်စျေးဖြစ်တဲ့ ၂၅ သိန်း ၂ သောင်းနဲ့ကို အဝယ်တွေ အတော်များ ခဲ့ပါတယ်။ ဝယ်လိုအားက ကျမသွားဘူး။ ဝယ်လိုအားက အရမ်းတက်နေတယ်။ ကျပ်ငွေ မကိုင်ကြတော့တာ” ဟု ရန်ကုန်ခေတ်သစ်၏ စီးပွားရေးသတင်း ရင်း မြစ်က ပြောသည်။

အမေရိကန်ဒေါ်လာမှာလည်း တစ်ဒေါ်လာလျှင် ၂၇၅၀ မှ ၂၈၀၀ အကြား စျေးနှုန်းသတ်မှတ်ကြောင်း၊ သို့ရာတွင် ဒေါ်လာ ဝယ်ယူမည်ဆိုပါက တစ်ဒေါ် လာလျှင် ၂၈၀၀ ကျပ် အထက်ပိုင်း ကြိုက်စျေး ငွေပေး၍ ဝယ်နေရသည်ဟု စျေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- မြန်မာကျပ်ငွေ တန်ဖိုး တရှိန်ထိုး ကျဆင်းလျက်ရှိနေသည်။

Photo- Reuters ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article