27 C
Yangon

ဝက်လက်တွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှု စစ်သား ၁၀ ဦးသေဆုံး၊ မုံရွာနှင့် တန့်ဆည်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သားများ သေဆုံးမှုများပြား၊ ရှားတောတိုက်ပွဲတွင် စစ်သား ၇ ဦးသေ

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကား ၄ စီးပါ စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင်း PDF မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂နာရီ၄၅မိနစ်အချိန် စစ်ကိုင်းတိုင်း ရွှေဘိုမှ စစ်ကားအကြီး၄စီး ဖြင့် ဝက်လက်မြို့နယ် လှတောကျေးရွာသို့ လာရောက်စဉ် ရွှေဘို ခရိုင်တပ်ရင်း (၂၃)၊တပ်ခွဲ(၁) နှင့် မဟာမိတ်များ သိဒ္ဓိရှင် တိုက်နယ် (ပ.က.ဖ) ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Shwe Bo defense Force (SBDF)၊ Daung (ဒေါင်း)ပျောက်ကြားတပ်ဖွဲ့ တို့က ဝက်လက်မြို့နယ် စိုင်နိုင်ဂွေ့နှင့်သားနားကျေးရွာ အကြားတွင် ပဒေသာမိုင်းအလုံး(၃၀)ခန့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၂၃) နှင့် မဟာ မိတ်များထံမှ သိရှိရသည်။

အလားတူ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်နှင့် နံနက် ၄ နာရီအချိန် မုံရွာ-မန္တလေး လမ်းမကြီး၏ ဂွေးပင်တော နှင့် ဘိုးမင်းကြီးကင်းကြားတွင် မုံရွာမှ မန္တလေးဘက်သို့ လာသော စစ်ယာဉ်တန်းကို ပဒေသာ မိုင်း ၇ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကားများထိမှန်ပြီး စစ်သား ၁၅ ဦးခန့် သေဆုံးနိုင်ကြာင်း People’s Defence Force – South Monywa နှင့် Monywa Ranger Group Truth Armyက သတင်းထုတ်ပြန်သည်။

ထို့ပြင်တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တန့်ဆည်PDF ပူးပေါင်းအဖွဲ့တိုဩဂုတ်လ၈ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲ၄ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

တန့်ဆည်မြို့နယ်၊ တောဂျင်ရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ဩဂုတ်လ၈ရက် နံနက်၈နာရီခန့်တွင် တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း(၆)နှင့် တပ်ရင်း(၁၀)တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား၇ဦးခန့် သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါစစ်‌ကြောင်းသည် တန့်ဆည်မြို့နယ်၊ ရွာမုံတောင်ရွာမှ ဝိုင်းကြိုရွာဘက်သို့ ထွက်ခွာလာစဉ် ဩဂုတ်လ၉ရက် နေ့လယ်၃နာရီခန့်တွင် တန့်ဆည်PDF တပ်ရင်း(၆)နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သား ၃ ဦး‌ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် တန့်ဆည်မြို့နယ်၊ ဝိုင်းကြိုရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ကို ဩဂုတ်လ၁၀ရက် နံနက်၁၁နာရီတွင် တန့်ဆည်PDF တပ်ရင်း(၆)နှင့် Myanmar Defense Force – Taze Tiger ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား၇ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း သိရသည်။

ထို့နောက် ဝိုင်းကြိုရွာရှိ စစ်ကောင်စီတပ် ကင်းပုန်းကို ဩဂုတ်လ၁၁ရက် ည နေ ၆ နာရီတွင် တန့်ဆည်PDF တပ်ရင်း(၆) ရဲဘော်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် သြဂုတ်လ၉ရက် ညနေပိုင်းတွင် တန့်ဆည်မြို့နယ် ရွာမုံတောင်ရွာရှိ နေအိမ်၉လုံးကို မီးရှို့ဖျက်ဆီးပြီးနောက် ဒေသ ခံ၂ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

အလားတူ ကရင်နီပြည်နယ်၊ ရှားတောဒေသတွင် ဩဂုတ်လ ၇ ရက်နေ့ တငူးဆိုတပ်စခန်းမှ တပ်စွန့်ခွာသွားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KA, KNDF/B-17,B-12,B-14 ပူးပေါင်းတပ်တို့အကြား ရှားတောမြို့တစ်နေရာတွင် ထိတွေ့မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂ ဦးအထက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၉ ရက်နေ့တွင် ရှားတောမြို့တစ်နေရာတွင် ထပ်မံ၍ ထိတွေ့မှုတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ (၅ )ဦးသေဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article