ရန်ကုန်၊ သြဂုတ် ၁၂
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ် ကော်မတီနှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၁၂ ရက်နေ့တွင် “ပုန်ကန်မျိုးဆက် တော်လှန်ရုန်းထွက်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ပြည်သူတွေ သွေးအေးသွားလို့ လုံးဝမဖြစ်ပါဘူး။ပေးဆပ်ခဲ့ကြရတဲ့ အသက်တွေနဲ့ဘဝတွေ ၊ ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတိုင်းအတွက် အာဏာရှင်စနစ်အမြစ်ပြတ်ကျရှုံးသည်အထိ ကျွန်တော်တို့အားလုံး ဆက်လက်ချီတက်တိုက်ပွဲဝင်ကြပါ။အဖိနှိပ်ခံလူထုလူတန်းစားအားလုံး စည်းလုံးမှုရှိရှိနဲ့ ပြိုင်တူတွန်းကြမှ ကျွန်တော်တို့အားလုံးမျှော်ရည်သော တော်လှန်ရေးပန်းတိုင်ဆီ အမြန်ဆုံး ရောက်ရှိပါလိမ့်မယ်။စစ်အုပ်စုရဲ့ ယုတ်မာရမ်းကားမှုများ ၊ မတရားဖိနှိပ်မှုများအောက် လုံးဝနေသားမကျဘဲ ၊ သွေးအေးမသွားဘဲ စုဖွဲ့မှုအင်အား ၊ စည်းလုံးမှုအင်အားနဲ့ အာဏာရှင်စနစ်ဆိုးကို အဆုံးစွန်ထိတော်လှန်တိုက်ပွဲဝင်ကြပါစို့” ဟု သပိတ် ဦးဆောင်သူများက ဟောပြောခဲ့သည်။
Photo – BEGSC-MYAING








