33 C
Yangon

သင်္ဃန်းကျွန်းလ၀ကရုံး ပစ်ခတ်ခံရမှုတွင် ဒဏ်ရာ ရရှိသူ မြို့နယ်ဦးစီးအရာရှိ ဝင်းနိုင်ထွေး မသေသေးဘဲ စစ်ဆေးရုံတွင် အတွင်း လူနာ အဖြစ် အသက်လုနေရ၊ မြို့နယ်လ၀ကရုံးတိုင်းတွင် ကင်းပုံးနှင့်လက်နက်ကိုင်လုံခြုံရေးများ ချထား

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

သင်္ဃန်းကျွန်းမြို့နယ် လ၀ကရုံး ပစ်ခတ်ခံရမှု ဖြစ်စဉ်တွင် သေဆုံးသွားပြီဟု သတင်းထွက်ပေါ်နေသော မြို့နယ် လ၀က ဦးစီးအရာရှိ ဝင်းနိုင်ထွေးမှာ သေဆုံးခြင်းမရှိဘဲ ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် အသက်လုနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဩဂုတ်လ ၁၃ ရက်နေ့ သင်္ဃန်းကျွန်း လ၀ကရုံး ပစ်ခတ်ခံရမှုတွင် လ၀က ဒုဦးစီးမှူး ကျော်မိုး ပွဲချင်းပြီး သေဆုံးပြီး နောက် ဒဏ်ရာရရှိသော လ၀က ဦးစီးအရာရှိ ဝင်းနိုင်ထွေးလည်း သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“သေတယ်ဆိုတာထက် အသည်းအသန်ဖြစ်နေတယ်။ လက်ရှိတော့ ဦးစီးမှူး ဦးဝင်းနိုင်ထွေး လက်ရှိအချိန်ထိမသေ သေးပါဘူး။ အခြေအနေကတော့ သိပ်တော့မကောင်းဘူး။ သေနတ်ကျည်က ပါး​နှစ်ဖက်လုံး ကျည်ပေါက်တစ်ချက် ပုခုံးတစ်ချက် ဒဏ်ရာနဲ့ကုတင်တစ်ထောင် စစ်ဆေးရုံမှာ” ဟု လ၀က သတင်းရင်းမြစ်က ပြောသည်။

ထို့နောက် ယနေ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်လ၀ကရုံးတိုင်းတွင် ကင်းပုံးချထားပြီး လာမည့် တနင်္လာနေ့ ဩဂုတ်လ ၁၅ ရက်နေ့ ရုံးဖွင့်ရက်မှစတင်ပြီး လက်နက်ကိုင် အစောင့်များ ချထားမည်ဖြစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ ရုံးပိတ်ရက် စနေနေ့ကို အင်းစိန် မြို့သစ် (ဂ) လဝက ရုံးအနီးမှာ တပ်ကင်းပုံးတွေ ချထားပါတယ်။ ကြောက်နေကြတာ” ဟု အင်းစိန်မြို့ခံတစ်ဦးက ပြောသည်။

ထို့ပြင် လ၀က ဝန်ထမ်းများအနေဖြင့် ရုံးတက်ရာတွင် ရုံးယူနီဖောင်း မဝတ်ဘဲ အရပ်ဝတ်ဖြင့် ရုံးတက်ခွင့်ပြုရန်လည်း ဝန်ထမ်းများက သက်ဆိုင်ရာ ဝန်ကြီး ဌာန ထံ စာတင်ပြ တောင်းဆိုနေပြီဖြစ်ကြောင်း သိရှိရသည်။

“ရေးမြို့နယ်မှာလည်း လ၀ကရုံး ဝင်ပစ်ခံရတယ်။ အခု သင်္ဃန်းကျွန်း ဆိုတော့ ဝန်ထမ်းတွေက လက်နက်ကိုင်ထားပေးဖို့ ဒါမှမဟုတ် ရုံးဝန်ထမ်းတွေကို လက် နက်ထုတ်ပေးဖို့။ အရပ်ဝတ်နဲ့ ရုံးတက်ခွင့်ပြုဖို့ အမျိုးမျိုးပဲ စာတင်ဖို့ ပြောနေကြတယ်” ဟု လ၀က ဝန်ထမ်းတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ပါးနှစ်ဖက် ကျည်ပေါက်ဒဏ်ရာရရှိထားသော လ၀က ဦးစီးအရာရှိ ဝင်းနိုင်ထွေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article