35 C
Yangon

ဝါဇီစက်ရုံက ရိုက်ထုတ်လိုက်သည့် ငွေစက္ကူအသစ် ဘီလီယံ ၄၀၀ အနက်မှ ကျပ်ငွေ ဘီလီယံ ၃၃၀ ကို အခမ်းအနားဖြင့် လွှဲပြောင်း ၊ လိုအပ်ပါက ကျပ်ငွေများ ဆက်လက် ရိုက်နှိက်မည့် သဘော မင်းအောင်လှိုင် ပြောဆိုသွား

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ကိုဗစ်ချေးငွေ) ဟု အမည်တပ်ထား သည့် ဝါဇီစက်ရုံက ရိုက်ထုတ်လိုက်သော မြန်မာကျပ်ငွေ အသစ် ကျပ်ဘီလီယံ ၄၀၀ အနက်မှ ဘီလီယံ ၃၃၀ ကို ဩဂုတ်လ ၁၂ ရက်နေ့တွင် ပြည်နယ်/တိုင်း စစ်ကောင်စီများနှင့် ဝန်ကြီးဌာနများထံ လွှဲပြောင်းလိုက်ကြောင်း စစ်တပ်ဘက်က တရားဝင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်မင်းအောင်လှိုင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် ငွေကျပ် ဘီလီယံ ၁၇၀၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအတွက် ငွေကျပ် ဘီလီယံ ၆၀၊ မြစိမ်းရောင် စီမံကိန်းများအတွက် ငွေကျပ် ဘီလီယံ ၁၀၀ ပြည်နယ်နှင့်တိုင်းအားလုံးကို ခွဲဝေ ပေးလိုက်သည်ဟု သိရှိရသည်။

မြစိမ်းရောင် စီမံကိန်းအတွက်‌ ငွေကျပ် ဘီလီယံ ၁၀၀ တွင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ကို ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ကို ၈ ဘီလီယံစီ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ကို ၅ ဘီလီယံစီ လွှဲပြောင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ကျန်ရှိသည့် ငွေကျပ်ဘီလီယံ ၇၀ ကိုလည်း အခြားလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပြီး လိုအပ်ချက်များရှိပါက တင်ပြနိုင်ပြီး စစ်ကောင်စီအနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟု ပြောဆိုကြောင်း၊ ၎င်းတို့ တိုက်ရိုက် သီးခြားတင်ပြနိုင်ပြီး တတ်နိုင်သမျှ ဖြည့် ဆည်းပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ကျင်းပသည့် ငွေကျပ်ဘီလီယံ ၃၃၀ ပေးအပ်သည့် အခမ်းအနားမှ အကြမ်းဖက် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article