32 C
Yangon

ပေါက်မြို့နယ်၊ ရှားစေးချက်ရွာသား ကိုရဲဝင်းနိုင်ကို စစ်တပ်က နှိပ်စက် သတ်ဖြတ်ပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ပြည်သူ ၁၀ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

မကွေးတိုင်း ပေါက်မြို့နယ် ရှားစေးချက်ရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၁၁ ရက်နေ့တွင် ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာသား ကိုရဲဝင်းနိုင်ကို နှိပ်စက် သတ်ဖြတ်ပြီး နေအိမ် ၂၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြန်လည် ထွက်ခွာသွားစဥ် ဒေသခံ ပြည်သူများက ရွာထဲကို ပြန်လည် ဝင်ရောက်လာချိန်တွင် စစ်တပ် စစ်ကြောင်းက ထပ်မံ ရောက်ရှိလာပြီး ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီး လူသားဒိုင်းပြုလုပ်ကာ လမ်းပြအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

” စစ်ခွေးရိုက်သတ်သွားတဲ့သူက ကိုရဲဝင်းနိုင်ပါ ခေါင်းတွေကို ကြေအောင် ရိုက်နှက်ပြီး လက်ဖြားတွေကိုလည်းချိုး မျက်လုံးတွေလည်း ဖောက်ခံထားရတယ်။ မီးလောင်နဲ့ အိမ်ခြေက ၂၀ ကျော်လောက်ရှိတယ်။ ရွာထဲကိုမဝင်ရဲ့တော့ အတိအကျ မပြောနိုင်သေးဘူး။ ရွာထဲဝင်တဲ့ သူတွေလည်း စစ်ခွေးတွေက လာပြီး ထပ်ဖမ်းသွားတယ်။ ၁၀ ဦးထက်မနည်း ဖမ်းသွားပါတယ်။ စစ်တတ်က မနေ့က တစ်ဖွဲ့ ဒီနေ့တစ်ဖွဲ့ပါ။ ရွာထဲမှာ ရှိနေသေးတယ်။ ဖမ်းခံရတဲ့ သူတွေကို လူသားဒိုင်းလုပ်ပြီး လမ်းပြအဖြစ် ခေါ်သွားကျတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ရှားစေးချက်ရွာကို သြဂုတ်လ ၁၁ ရက်နေ့ ဝင်ရောက် စီးနင်း ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒေသခံ ပြည်သူ ၁၀ ဦးခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားပြီး အနီးအနားကျေးရွာများကို ဝင်ရောက်စီးနင်းနေပြီး ယနေ့တွင် ထပ်မံ ရောက်ရှိလာသော စစ်ကြောင်းမှာ ကျေးရွာအတွင်း ရှိနေသေးကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article