ရန်ကုန်၊ ဩဂုတ် ၁၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျေးရွာတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ယနေ့ ဩဂုတ်လ ၁၃ ရက်၌ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျေးရွာတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းနှင့် ခြင်မပေါက်ပွားနိုင်ရေး အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ရွာလုံးကျွတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။