29 C
Yangon

ကနီတွင် PDF ရဲဘော် ၂ ဦး ကျဆုံးခြင်း တစ်နှစ်ပြည့် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ပြုလုပ်

Must read

ရန်ကုန်၊ သြဂုတ် ၁၃

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် PDF ရဲဘော် ၂ ဦးဖြစ်သည့် ရဲဘော် မျိုးခိုင်နှင့် ရဲဘော် ကျော်စွာတို့ ချင်းတွင်းမြစ် တိုက်ပွဲတွင် ကျဆုံးခြင်း တစ်နှစ်ပြည့် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် NUG ကာကွယ်ရေး အလံတော်အား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ​ကျဆုံးသွားသော အာဇာနည် ရဲဘော်များအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ကြွေလွင့်သွားသော အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွတ်အလေးပြုခြင်း ၊ ကျဆုံးသွားသော အာဇာနည်သူရဲ ကောင်း အားလုံးတို့အား လွမ်းဆွတ်တမ်းတသတိရသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း ၊ ေသွးစည်းညီညွတ်ရေး အာဏာရှင်ဆန့်ကျင်ရေး တေးသီချင်းများ သံပြိုင်သီဆိုခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ကနီ နွေဦးတော်လှန်ရေး အင်အားစုများမှ ဦးဆောင်သူများက အမှတ်တရ အောက်မေ့စကားများ အသီးသီး ပြောကြားခဲ့ကြပြီးစစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြခဲ့ပြီး ကနီမြို့နယ် NUG လူကယ်ပြန် တာဝန်ရှိသူများမှ ကျဆုံးရဲဘော် နှစ်ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article