29 C
Yangon

မြေနီကုန်း တော်လှန်ရေးပန်းခြံရှေ့တွင် မင်းအောင်လှိုင် ခေါင်းပြတ် ပုံတူ ကို မီးရှို့၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ၊တော်လှန်ရေးပန်းခြံရှေ့တွင် မင်းအောင်လှိင်ခေါင်းပြတ် ပုံစံ လုပ်၍ မီးရှိ့ခြင်းဖြင့် ယနေ့ လူငယ်များက ဆန္ဒပြကြသည်။

စစ်ကောင်စီ၏လုံခြုံရေးတင်းကျပ်နေသည့်တော်လှန်ရေးပန်းခြံအနီးတွင် “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်” ကြွေးကြော်သံဖြင့် မင်းအောင်လှိုင် ခေါင်းပြတ်ပုံတူကို မီးရှို့ကာ “သို့ စစ်အာဏာရှင်မင်းအောင်လှိုင် နှင့် အ ပေါင်း အပါ တစ်စုတို့ သည် ဒီနိုင်ငံတော်နှင့်လုံးဝမသက်ဆိုင်ပါသဖြင့် သက်ဆိုင်ရာငရဲပြည်သို့ အမြန်ဆုံးသွားနိုင်သည်။ ကောင်းရာသုဂတိ လီးမှမလားပါစေနဲ့ ” ဟူ၍ အမိန့်ပြန်တမ်းကိုဖတ် ကြား ကြကြောင်း သိရှိရသည်။

အဆိုပါသပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)က ဦး ဆောင် ကာ ပြည်သူလူထုနှင့်အတူ Youth Association Of Thingangyun (Y.A.T) ၊ပညာနန်း တော်ကိုယ်ပိုင် ကျောင်း ကျောင်းသားများသမဂ္ဂ ၊ Owl Community ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike) ၊ Labor Alliance အဖွဲဝင် (CTUM) ၊ အခြေခံပညာကျောင်းသားလူငယ်များအစည်း အရုံး (အကလ-ဗဟို) ၊ LGBT Community Yangon ၊ ဗမာ့လူငယ်ကွန်ရက် ၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတိုပေါင်းဆုံ၍ Youth Scout for Democracy (Y.S.D) ၏ မြေပြင်ကင်း ထောက်ပံ့ပိုးမှုဖြင့် သပိတ်မှောက်ကြကြောင်း သိရှိရသည်။

Photo- Assistance Association for Myanmar-based Independent Journalists

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article