28 C
Yangon

ဝမ်းတွင်း၊ ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ် စစ်ကားတန်း မိုင်းဆွဲခံရပြီး စစ်သား ၄ ဦးသေဆုံး၊ ကျိုက်ထိုတွင် KNU နှင့်စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်- မန္တလေး ကားလမ်းဟောင်းပေါ် ၊ ဘုရား စုကျေးရွာနှင့် ဒိုင်းကောင်းကုန်းကျေးရွာအကြားမှာ စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၁၂ ဦးပြင်းပြင်းထန် ထန်ဒဏ်ရာရရှိကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ WTRF က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွားနှင့်ဒိုင်ကောင်း‌ကုန်းကျေးရွာအကြား၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် သံချပ်ကာသင်တန်းဆင်း စစ်သား ၈၀ ကျော်ပါ ကားကြီးနှစ်စီးကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ ၁၂ ဦး ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသူများတွင် သေဆုံးနိုင်သည့် သူများ ပါဝင်နိုင်ကြောင်း WTRF(Wundwin Township Revolution Force)မှ တာဝန်ရှိသူက ပြောသည်။

“ဒဏ်ရာရ ၁၂ ကောင်ထဲက ဒွမ်ဖို့များတဲ့ကောင်တွေများတယ်။ ၄ ကောင်က တော့ ပွဲချင်းပြီး ဒွမ်တယ်။လူနာတင်ကား ၄စီး၊ ၅စီးလောက်တိုက်သွားတယ်” ဟု WTRF မှ ရဲဘော်တစ်ဦးက ပြောသည်။

မိုင်းဆွဲခံရမှုအတွက် စစ်တပ်က ကားလမ်းဘေးလမ်းလျှောက်နေသောပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း၊ အသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ သြဂုတ်လ ၉ ရက်နေ့ နံနက် ၄ နာရီအချိန် မွန်ပြည်နယ်၊ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်းသို့ နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံတပ်များကို KNLA တပ် ရင်း (၃)ပူးပေါင်းတပ်ဖွဲ့တို့ က တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကားတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article