ရန်ကုန်၊ သြဂုတ် ၁၃
ကချင်ပြည်နယ် လွတ်မြောက် နယ်မြေ တစ်နေရာတွင် သြဂုတ်လ ၁၂ ရက်နေ့၌ ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အဖြစ် လွတ်မြောက်နယ်မြေရောက် ကချင်ပြည်နယ်ကျောင်းသားသမဂ္ဂများ ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားအား သြဂုတ်လ ၁၃ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အစီအစဉ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ အဖွင့်အမှာစကားအား Video Conferencing ဖြင့် ပြောကြားပြီး ကျောင်းသားသမဂ္ဂများ ၊ မိတ်ဖက် အဖွဲ့အစည်းများမှ အခမ်းအနားသို့ သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး ကျောင်းသား လူငယ်များ ပါဝင်ဆင်နွှဲကာ အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း သိရသည်။