ရန်ကုန်၊ ဩဂုတ် ၁၄
ရန်ကုန်မြို့ တစ်နေရာတွင် ယနေ့ ဩဂုတ် ၁၄ ရက်နေ့တွင် “လူထုအုံကြွ တော်လှန်ကြ” စာသားဖြင့် သပိတ်လူငယ်များက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြပြီး သပိတ်ရဲဘော်များကို မဖမ်းနိုင်လျှင် သပိတ်လှုပ်ရှားသွားတဲ့ အနီးတဝိုက်ရှိ ပြည်သူများ၊ လူငယ်များကိုလည်း မတရားဖမ်းဆီးခြင်း၊ နှိပ်စပ်ခြင်း၊ ပစ္စည်းများလုယက်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းလုပ်ရပ်များကို အကြမ်းဖက် ဖက်ဆစ်တပ်က ပြည်သူအပေါ်ကျူးလွန်းနေမှုအတွက်လည်း သပိတ်ရဲဘော်များမှ များစွာစိတ်မကောင်းဖြစ်ရပြီး လူထုကြီးတစ်ရပ်လုံးကိုလည်း ဝန်ချ တောင်းပန်ကြောင်းလူထုကိုလည်း ဖော်ပြခဲ့ပါတယ်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) တော်လှန်လူငယ်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Photo Credit – Assistance Association for Myanmar – based Independent Journalists