20 C
Yangon

တန့်ဆည်တွင် ဒရုန်းဖြင့် ဗုံးကျဲ၍ ထွက်ပြေးသော စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၇ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မြိုင်တွင်လည်း စစ်ကြောင်းများ တိုက် ခိုက်ခံရပြီး စစ်သား ၁၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာ အရှေကမြောက်ဘက်ရှိ ပျူစောထီးစခန်းထဲသို့ ဗုံးသီးချစဉ် ထွက်ပြေးလာသော ပျူစောထီးများကို တန့်ဆည်PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး၇ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း တန့်ဆည် PDF က ပြောသည်။

ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ဒရုန်းဖြင့် ဗုံးသီးချ၍ ပျူစောထီးစခန်းထဲမှ‌ ကြောက်လန့် ထွက်ပြေးလာသော ပျူစောထီးများကို တန့်ဆည်PDF တပ်ရင်း(၆)နှင့်အတူ တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် Guerrilla Warfare – KPKအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပျူစောထီး ၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ တိုက်ပွဲတွင် ပျူစောထီးများပစ်သော လက်နက်ကြီးကျည်ထိမှန်၍ PDFရဲဘော်၂ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း PDF တန့်ဆည်က ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်း၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပေါက်ဒေသခံကာကွယ်ရေးအဖွဲ့များဖြင့် ပူးပေါင်းကာ မြိုင်နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို ပေါက်မြို့နယ် ကန်သစ်ရွာနှင့် ထန်းပေါက်ကုန်းရွာအကြား တွင် မိုင်း ၁၁ လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ထို့ပြင် ဇူလိုင်လ ၂၆ ရက်နေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်းသို့ အကြမ်း ဖက်စစ်ကောင်စီတပ်မှ အင်အား ၇၅ ယောက်ခန့်ဖြင့် စစ်ကြောင်းထိုးလာစဉ် Reaper Column က ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်း ဆုံး ၇ ဦးခန့် သေဆုံးကြောင်း၊ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း PKU N PDFက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၉ ရက်နေ့ အထိ စစ်တပ် စစ်ကြောင်းနှင့် တိုက် ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး PDF ရဲဘော် ၃ ဦး အနည်းငယ် “ပွန်းပဲ့ဒဏ်ရာ” သာ ရရှိခဲ့ကြောင်း PKU N PDF ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော်တွင် ကင်းစောင့်နေသည့် အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်းဖြစ်သည်)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article